Sunday, 25 August 2013

စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့

-----------------

ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့် အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။

“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။   

အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။

“သူတို့ဆန္ဒအတိုင်း လုပ်ပေးမှာပါ။ ပြောင်းဖို့ ဆန္ဒမရှိရင်လည်း သူတို့သဘောအတိုင်း စီစဉ်ပေးမယ်။ ကျွန်တော်တို့ကတော့ နားလည်အောင် ရှင်းပြပေးပါတယ်” ဟု  ဦးလှဟန်က ဆက်လက်ပြောသည်။ 

၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး မြို့ပေါ်ရှိ ဘင်္ဂါလီရပ်ကွက်များမှာ သဲချောင်းတစ်ဝိုက်သို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ အင်ဗာလာရပ်ကွက်တစ်ခုတည်းသာ စစ်တွေမြို့ပေါ်တွင် ကျန်ရှိနေခြင်းဖြစ်သည်။ 

ယင်းအင်ဗာလာရပ်ကွက် မြို့ပေါ်တွင် ကျန်ရှိနေခြင်းကြောင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟုလည်း စစ်တွေဒေသခံများက ပြောသည်။ 

အင်ဗာလာရပ်ကွက်နေသူတစ်ဦးကမူ “ကျွန်တော်တို့က မပြောင်းချင်ဘူး။ ဒီမှာနေလာတာကြာပြီလေ”ဟု ဆိုသည်။ 

အင်ဗာလာရပ်ကွက်တွင် ခန့်မှန်းခြေလူဦးရေ ၆၀၀၀ ခန့် ရှိကြောင်း သိရသည်။ 

ဓာတ်ပုံ  - ဂျေမောင်မောင်(အမရပူရ)

7Day News Journal

No comments:

Post a Comment