Saturday, 19 January 2013

မြန်မာနိုင်ငံမှာ Samsung စက်ရုံ တည်ထောင်မည် မဟုတ် ဟု DICA ငြင်းဆို


ကမ္ဘာကျော် အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung သည် ပြည်တွင်း ၌ စက်ရုံ တည်ထောင်၍ ထုတ်ကုန်များ ထုတ်လုပ် သွားမည် ဆိုသည်မှာ မဟုတ် မှန်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းတင်က The Voice Weekly သို့ ပြောကြားသည်။

"လက်ရှိ အချိန် အထိ ကျွန်တော်တို့ ဆီမှာ လာတင် ထားတာ မရှိသေး ပါဘူး။ ဆွေးနွေးတာ မျိုးလည်း မရှိသေး ပါဘူး" ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်း သတင်း စာစောင် တစ်ခုတွင် Samsung ကုမ္ပဏီသည် မကြာမီ လပိုင်း အတွင်း မှော်ဘီ မြို့နယ် အတွင်း စက်ရုံ တည်ဆောက် ပြီး ဝန်ထမ်း အင်အား ငါးသောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးသွား နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် မှ တာဝန် ရှိသူ တစ်ဦး၏ အဆိုကို ကိုးကား၍ ဖော်ပြ ထားသည်။

ကိုရီးယား အခြေစိုက် Samsung ကုမ္ပဏီ သည် ကမ္ဘာ့ နိုင်ငံ ၆၁ ခုတွင် ဝန်ထမ်း အင်အား နှစ်သိန်းကျော် ဖြင့် လုပ်ငန်း လုပ်ကိုင် လည်ပတ် လျက် ရှိပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများ၊ မိုဘိုင်း နှင့် ဆက်သွယ် ရေး နည်းပညာ ထုတ်ကုန် များ၊ Semiconductors များ၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း များကို ထုတ်လုပ် ၍ ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချ လျက် ရှိသည်။
Facebook

No comments:

Post a Comment