Wednesday, 23 January 2013

“EU အပြောင်းအလဲမလုပ်ပါက အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နုတ်ထွက်မည်ဟု ဝန်ကြီးချုပ်ကင်မရွန် ပြောကြား”

Photo: “EU အပြောင်းအလဲမလုပ်ပါက အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နုတ်ထွက်မည်ဟု ဝန်ကြီးချုပ်ကင်မရွန် ပြောကြား”

ဥရောပ ယူနီယံ (EU)၏ လက်ရှိ အခြေအနေများကို အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း မရှိပါက မိမိတို့ နိုင်ငံသည် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ရန် စဉ်းစားရလိမ့်မည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားလိုက်သည်။

ကင်မရွန်က မိမိသည် ဗြိတိန်နှင့် EUတို့ကြား ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်း ဆွေးနွေးရန် အလိုရှိနေပြီး ထို့နောက်မှသာ ဗြိတိန် ပြည်သူလူထု၏ သဘောထား ဆန္ဒကို ကောက်ခံသွားလိုကြောင်းလည်း ဆိုသည်။ အကယ်၍ ဆွေးနွေးမှုများ ပြုလုပ်ဖြစ်ခဲ့ပါက ဗြိတိန်ပြည်သူများတွင် ရွေးချယ်ခွင့် နှစ်ခု ရိုးရှင်းစွာ ရှိလာပြီး ရလဒ်ကို လက်ခံရန်၊ သို့မဟုတ် EUကို စွန့်ခွာရန်သာ ဆုံးဖြတ်ရုံ ရှိတော့ကြောင်းလည်း ကင်မရွန်က ဆိုသည်။

အကယ်၍ ဗြိတိန်တွင် ကွန်ဆာဗေးတစ်တို့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက EUအရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ပြုလုပ်ရန် ဝန်ကြီးချုပ်က လိုလားနေသည်။

အေးချမ်းမွန်မှ   Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဥရောပ ယူနီယံ (EU)၏ လက်ရှိ အခြေအနေများကို အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း မရှိပါက မိမိတို့ နိုင်ငံသည် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ရန် စဉ်းစားရလိမ့်မည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားလိုက်သည်။

ကင်မရွန်က မိမိသည် ဗြိတိန်နှင့် EUတို့ကြား ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်း ဆွေးနွေးရန် အလိုရှိနေပြီး ထို့နောက်မှသာ ဗြိတိန် ပြည်သူလူထု၏ သဘောထား ဆန္ဒကို ကောက်ခံသွားလိုကြောင်းလည်း ဆိုသည်။ အကယ်၍ ဆွေးနွေးမှုများ ပြုလုပ်ဖြစ်ခဲ့ပါက ဗြိတိန်ပြည်သူများတွင် ရွေးချယ်ခွင့် နှစ်ခု ရိုးရှင်းစွာ ရှိလာပြီး ရလဒ်ကို လက်ခံရန်၊ သို့မဟုတ် EUကို စွန့်ခွာရန်သာ ဆုံးဖြတ်ရုံ ရှိတော့ကြောင်းလည်း ကင်မရွန်က ဆိုသည်။

အကယ်၍ ဗြိတိန်တွင် ကွန်ဆာဗေးတစ်တို့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက EUအရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ပြုလုပ်ရန် ဝန်ကြီးချုပ်က လိုလားနေသည်။

Planet Myanmar Network 

No comments:

Post a Comment