Thursday, 24 January 2013

ရထားလမ်းရှစ်ခု ပါဝင်သည့် လှိုင်သာယာ ဘူတာကြီးအား ယခုနှစ် ဧပြီလအတွင်း အပြီးဆောက်လုပ်သွားမည်

Photo: 

Wednesday, 23 January 2013 21:18

မကြာမီဖွင့်လှစ်ပြေးဆွဲတော့မည့် ရန်ကုန်-ပုသိမ် ရထားများ အဓိက ပြေးဆွဲရပ်နားနိုင်မည့် ရထားလမ်းရှစ်ခု ပါဝင်သည့် လှိုင်သာယာဘူတာကြီးကို ယခုနှစ်  ဧပြီလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ဘူတာကြီးကို မော်လမြိုင်ဘူတာကဲ့သို့ သုံးထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး ယာဒ်ဝင်း အလျားပေ ၄၅၀၀ ရှိကာ အနံပေ ၁၀၀၀ ကျယ်ဝန်းကြောင်း သိရသည်။

"ရန်ကုန်-ပုသိမ် ရထားလမ်းစီမံကိန်းမှာ  ရန်ကုန် (လှိုင်သာယာ-ဧရာဝတီညောင်တုန်းအပိုင်းက ကျွန်တော်တာဝန်ယူထားတဲ့အပိုင်း ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ တာပေါင်မြေကြီး တည်ဆောက်ခြင်းလုပ်ငန်း တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ၀န်ထမ်းအိမ်ရာတွေနဲ့ ဘူတာတည်ဆောက်ခြင်းလုပ်ငန်းတွေ ပါဝင်ပါတယ်။ စုစုပေါင်း ဘူတာ ၆ ခုရှိပြီး လှိုင်သာယာဘူတာက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အဲ့ဒီထဲက မဲဇလီဘူတာနဲ့ ညောင်တုန်းဘူတာတို့ကို တည်ဆောက်ပြီးဖြစ်ပါတယ်" ဟု စီမံကိန်း အင်ဂျင်နီယာ ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။။

"လက်ရှိမှာ လှိုင်သာယာဘူတာကို ပထမအဆင့် တည်ဆောက်မူတွေ လုပ်နေပါတယ်။ အလျား ၁၂၀ အနံပေ ၅၀ နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ ယခုနှစ် ဘဏ္ဍာနှစ်အရ တစ်ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်" ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။                    

ha-24-1-3

လှိုင်သာယာဘူတာ ယာဒ်ဝင်းအဆိုပြုပုံစံအား တွေ့ရစဉ်

လှိုင်သာယာဘူတာကြီးကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှစ၍ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လေးဖာလုံအကွာ GTC တက္ကသိုလ်နှင့် မြစိမ်းရောင် စက်မူဇုန်အနီးတွင် ဂရိတ်ရွှေတောင် ကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-ပုသိမ် မီးရထားလမ်း စီမံကိန်းကို ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဖောက်လုပ်ခဲ့ပြီး ခရီးလမ်းအရှည်မိုင် ၉၈ မိုင်ရှိကြောင်းလည်း သိရသည်။

လှိုင်သာယာဘူတာ တည်ဆောက်မှုကို ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လှိုင်သာယာဘူတာ တည်ဆောက်မှုကို ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်

မကြာမီဖွင့်လှစ်ပြေးဆွဲတော့မည့် ရန်ကုန်-ပုသိမ် ရထားများ အဓိက ပြေးဆွဲရပ်နားနိုင်မည့် ရထားလမ်းရှစ်ခု ပါဝင်သည့် လှိုင်သာယာဘူတာကြီးကို ယခုနှစ် ဧပြီလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ဘူတာကြီးကို မော်လမြိုင်ဘူတာကဲ့သို့ သုံးထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး ယာဒ်ဝင်း အလျားပေ ၄၅၀၀ ရှိကာ အနံပေ ၁၀၀၀ ကျယ်ဝန်းကြောင်း သိရသည်။

"ရန်ကုန်-ပုသိမ် ရထားလမ်းစီမံကိန်းမှာ ရန်ကုန် (လှိုင်သာယာ-ဧရာဝတီညောင်တုန်းအပိုင်းက ကျွန်တော်တာဝန်ယူထားတဲ့အပိုင်း ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ တာပေါင်မြေကြီး တည်ဆောက်ခြင်းလုပ်ငန်း တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ၀န်ထမ်းအိမ်ရာတွေနဲ့ ဘူတာတည်ဆောက်ခြင်းလုပ်ငန်းတွေ ပါဝင်ပါတယ်။ စုစုပေါင်း ဘူတာ ၆ ခုရှိပြီး လှိုင်သာယာဘူတာက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အဲ့ဒီထဲက မဲဇလီဘူတာနဲ့ ညောင်တုန်းဘူတာတို့ကို တည်ဆောက်ပြီးဖြစ်ပါတယ်" ဟု စီမံကိန်း အင်ဂျင်နီယာ ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။။

"လက်ရှိမှာ လှိုင်သာယာဘူတာကို ပထမအဆင့် တည်ဆောက်မူတွေ လုပ်နေပါတယ်။ အလျား ၁၂၀ အနံပေ ၅၀ နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ ယခုနှစ် ဘဏ္ဍာနှစ်အရ တစ်ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်" ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

လှိုင်သာယာဘူတာကြီးကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှစ၍ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လေးဖာလုံအကွာ GTC တက္ကသိုလ်နှင့် မြစိမ်းရောင် စက်မူဇုန်အနီးတွင် ဂရိတ်ရွှေတောင် ကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-ပုသိမ် မီးရထားလမ်း စီမံကိန်းကို ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဖောက်လုပ်ခဲ့ပြီး ခရီးလမ်းအရှည်မိုင် ၉၈ မိုင်ရှိကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment