Wednesday, 23 January 2013

လိုင်ဇာမြို့လည် ကေအိုင်အေဌာနချုပ်ရုံး အနီး ပေါက်ကွဲမှုဖြစ်


Photo: လိုင်ဇာမြို့လည် ကေအိုင်အေဌာနချုပ်ရုံး အနီး ပေါက်ကွဲမှုဖြစ်

ဒီနေ့နေ့လည် လိုင်ဇာမြို့လည် ကေအိုင်အေက ဌာနချုပ်အဖြစ် အခြေစိုက်ထားတဲ့ ဟိုတယ်နဲ့ မီတာ တရာအကွာမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ ၁၀ မီတာ အဝေးမှာ ရှိတဲ့ အိမ်တလုံးထဲ နေနေတဲ့ ကလေးနဲ့ ကလေးမိခင်ကို ခေါင်မိုးကို ဖောက်ဝင်လာတဲ့ အစတွေ ရှပ်ထိပါတယ်။ မိခင်ဖြစ်သူ ဂျီဂျီဟာ တနှစ်အရွယ် သားငယ် အောင်ငိုင်းကို ကျောပိုးထားပြီး ကေအိုင်အေအတွက် စွပ်ကျယ်ချုပ်နေတာပါ။ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်မှန်း အပြည့်အစုံမသိရပေမယ့် မြန်မာတပ်က ပစ်တဲ့ မော်တာဗုံးသီး ပေါက်ကွဲမှုလို့ သင်္ကာမကင်းဖြစ်မိကြောင်း လိုင်ဇာကို ရောက်နေတဲ့ ဧရာဝတီ ဓာတ်ပုံသတင်းထောက် က ပြောပါတယ်။

အေးချမ်းမွန်မှ  The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဒီနေ့နေ့လည် လိုင်ဇာမြို့လည် ကေအိုင်အေက ဌာနချုပ်အဖြစ် အခြေစိုက်ထားတဲ့ ဟိုတယ်နဲ့ မီတာ တရာအကွာမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ ၁၀ မီတာ အဝေးမှာ ရှိတဲ့ အိမ်တလုံးထဲ နေနေတဲ့ ကလေးနဲ့ ကလေးမိခင်ကို ခေါင်မိုးကို ဖောက်ဝင်လာတဲ့ အစတွေ ရှပ်ထိပါတယ်။ မိခင်ဖြစ်သူ ဂျီဂျီဟာ တနှစ်အရွယ် သားငယ် အောင်ငိုင်းကို ကျောပိုးထားပြီး ကေအိုင်အေအတွက် စွပ်ကျယ်ချုပ်နေတာပါ။ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်မှန်း အပြည့်အစုံမသိရပေမယ့် မြန်မာတပ်က ပစ်တဲ့ မော်တာဗုံးသီး ပေါက်ကွဲမှုလို့ သင်္ကာမကင်းဖြစ်မိကြောင်း လိုင်ဇာကို ရောက်နေတဲ့ ဧရာဝတီ ဓာတ်ပုံသတင်းထောက် က ပြောပါတယ်။
နောက်ဆက်တွဲရရှိတဲ့ သတင်းအရ လိုင်ဇာမှာ ဒီနေ့ဖြစ်တဲ့ ပေါက်ကွယ်မှုဟာ မြန်မာတပ်ရဲ့ ပစ်ခတ်မှု မဟုတ်ကြောင်း လိုင်ဇာရောက် ဧရာဝတီသတင်းထောက်က ဆိုပါတယ်။ အနီးနားမှာ ရှိတဲ့ ဗုံးသီးကျည် ကွဲပြီး အစမှန်တာလို့ ပြောပါတယ်။ ဧရာဝတီသတင်းထောက်တွေက ဟိုနေ့ကလို ပြင်းထန်တာမျိုး မကြားရကြောင်း ပြောပါတယ်။
လိုင်ဇာမြို့ထဲမှာ အခြေအနေ တည်ငြိမ်လို့ ကျောင်းတွေ ပြန်ဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

The Irrawaddy (Burmese Version)

No comments:

Post a Comment