Sunday, 13 January 2013

မြန်မာသို့  အီရန်လွှတ်တော်အမတ်များ ရိုဟင်ဂျာမူဆလင်များ၏ အခြေအနေကို လေ့လာရန် လာရောက်မည်

တီဟီရန်၊ ဇန်န၀ါရီ ၁၃။

အီရန်ပါလီမန် အမတ်များနှင့် အစိုးရကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် မြန်မာတာဝန်ရှိသူများနှင့် တွေ့ ဆုံပြီး ရိုဟင်ဂျာ မူဆလင်များ၏ အခြေအနေကို လေ့လာရန်အတွက် မြန်မာသို့  နံနက်ဖြန် တနင်္ဂနွေနေ့တွင် လာရောက်မည် ဖြစ်ကြောင်း၊ အီရန်အခြေစိုက်
ပရတ်စ် တီဗီသတင်းက ပြောကြားသည်။

အီရန်မှ မာဂျလစ် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ
ကော်မတီ၏ ဒုဥက္ကဋ္ဌ မန်ဆော် ဟာကီကတ်ပေါ်ရ်က ယင်းခရီး
စဉ်နှင့် ပတ်သတ် ၍ “ဒီခရီးစဉ်မှာ အီရန်လွှတ်တော်အမတ်တွေနဲ့
အတူ အီရန် လခြမ်းနီအဖွဲ့ ၊ အင်မ်မန် ခိုမေနီ ကယ်ဆယ်ရေး
ကော်မတီနဲ့  အီရန်နိုင်ငံခြားရေး ဌာန ကိုယ်စားလှယ်များလည်း ပါဝင်ကြပါမယ် ” ဟု ပြောကြားသည်။

အီရန်သည် ယခုလအစောပိုင်းကလည်း မြန်မာသို့ လူသားချင်း
စာနာမှု အထောက်အပံ့ပစ္စည်းများ ၂၄ တန်ခန့် ပေးပို့ခဲ့ပြီးဖြစ်သည်။
ယင်း ပစ္စည်းများတွင် အစားအစာများ၊ ရွက်ဖျင်တဲများ၊ စောင်များနှင့် အခြားအခြေခံစားကုန် အသုံးအဆောင်များ ပါဝင်ကြောင်း ထိုင်းနိုင်ငံ
ဆိုင်ရာ အီရန်သံအမတ်ကြီး ဟိုစိန် ကမယ်လီယန်က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံသည် မြန်မာတွင် ဖြစ်ပေါ်နေသော ဘင်္ဂလီခေါ် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး မြန်မာအစိုးရအား မူဆလင်များ အားလုံး၏ နိုင်ငံသားဖြစ်ခွင့်နှင့် လူ့အခွင့်အရေးများကို ကာကွယ်
စောင့် ရှောက်ရန် တိုက်တွန်းခဲ့သည်။ ယင်းကုလဆုံးဖြတ်ချက်တွင်
မြန်မာ၌ အခြေခံ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအပေါ်
စနစ်တကျ ချိုးဖေါက်မှုများ ရှိနေကြောင်း ဖေါ်ပြထားသည်။

Ref: Presstv

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Myanma Age

No comments:

Post a Comment