Sunday, 13 January 2013
စက်ချို့ ယွင်း၍ ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်စဉ် လေယာဉ်မှူးနှစ်ဦး သေဆုံး
အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသည်ဟု ဆိုသည့် တပ်မတော် ရဟတ်ယာဉ် တစ်စင်းမှာ ဇန်နဝါရီ ၁၁ရက်နေ့ ညနေပိုင်း တွင် မြစ်ကြီးနားမြို့ တောင်ဘက် မိုင်၂၀ အကွာ တာလောကြီး ကျေးရွာ အနီး စက်ချို့ ယွင်းမှု ကြောင့် အရေးပေါ် ဆင်းသက် စဉ် လေယာဉ်မှူး နှစ်ဦး သေဆုံး ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့် ရှိသူ ပြည်ကြားရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား သည်။
မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ ရဟတ်ယာဉ် သည် တောတောင် ထူထပ်သည့် နေရာတွင် ဆင်းသက် ရသောကြောင့် လူနှစ်ဦး သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ၄င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရှင်းပြ ထားသည်။
အွန်လိုင်းမှ ကချင် သတင်းဌာန များကမူ ကေအိုင်အို အစိုးရ တပ်မဟာ(၅) အုပ်ချုပ်ရေး နယ်မြေသို့ စစ်ရဟတ်ယာဉ် ဖြင့် ထိုးစစ်ဆင်၊ စစ်လက်နက် ပစ္စည်းနှင့် စစ်အင်အား ပို့လာသော စစ်ရဟတ်ယာဉ် ကို အေအိုင်အေ တပ်သား များက ပစ်ချခဲ့ကြောင်း ရေးသား ဖော်ပြကြသည်။
ကချင် မီဒီယာ တစ်ချို့ ၏ ဖော်ပြချက် များတွင် ကေအိုင်အေ ရဲဘော် ဘားအောင်က စစ်ရဟတ်ယာဉ် Mi 35 ကို ပစ်ချခဲ့ပြီး ကျဆုံးသူ နှစ်ဦးမှာ ဗိုလ်ကြီး ကျော်ထွန်းနောင်နှင့် ဗိုလ်မှူး ဖြိုးငြိမ်းတို့ ဖြစ်ကြောင်း ရေးသား ထားကြသည်။
အထက်ပါ သတင်းနှင့် ပတ်သက်သည့် အသေးစိတ် အခြေအနေ များကို ဦးရဲထွဋ် သို့ ဆက်သွယ် မေးမြန်းရာတွင် ၄င်းမှာ အစည်းဝေး တက်ရောက် နေ၍ မအားလပ် သေးကြောင်း ပြန်လည် ဖြေကြားသည်။
The Voice Weekly
No comments:
Post a Comment