Wednesday, 23 January 2013

“အသက် ၁၂ နှစ်ကလေးငယ်တစ်ဦး ကျောင်းထုတ်ခံရသဖြင့် အဆုံးစီရင်သွား”

Photo: “အသက် ၁၂ နှစ်ကလေးငယ်တစ်ဦး ကျောင်းထုတ်ခံရသဖြင့် အဆုံးစီရင်သွား”

အသက်(၁၂)နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးသည် ကျောင်းထုတ်ခံရပြီးနောက် မိမိကိုယ်ကိုယ် ကြေကွဲဖွယ်ရာ အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ ကျောင်းသားလေး ဂျော်ဒန်ဂရင်းသည် ၎င်း၏ အိပ်ခန်းအတွင်း ဆွဲကြိုးချလျှက်သား သေဆုံးနေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်လယ်က ဖြစ်ပွားခဲ့သော ရင်နင့်စရာ ကိစ္စကို မိသားစုက ယခုအခါမှသာထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ ဂျော်ဒန်၏ သေဆုံးမှုကို ယနေ့အချိန်ထိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ကျောင်းတွင် ဆိုးသွမ်းကလေးငယ် တစ်ဦးအဖြစ် သတ်မှတ် ခံရပြီးနောက် ဂျော်ဒန်ကို (၁)ရက် ကျောင်းနားခဲ့ပြီး ပိုဆိုးလာသည့်အခါ (၅)ရက် ကျောင်းနားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်၊ ဇွန်လ (၂၇)ရက်နေ့ကမူ ကျောင်းအုပ်ကြီးက ဂျော်ဒန်အား ကျောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဂျော်ဒန်သည် ကျောင်းမှ ဝန်ထမ်းများကို ဒေါသတကြီး အော်ဟစ်ကာ အိမ်ပြန်သွားခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် မိမိကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်သည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အသက်(၁၂)နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးသည် ကျောင်းထုတ်ခံရပြီးနောက် မိမိကိုယ်ကိုယ် ကြေကွဲဖွယ်ရာ အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ ကျောင်းသားလေး ဂျော်ဒန်ဂရင်းသည် ၎င်း၏ အိပ်ခန်းအတွင်း ဆွဲကြိုးချလျှက်သား သေဆုံးနေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်လယ်က ဖြစ်ပွားခဲ့သော ရင်နင့်စရာ ကိစ္စကို မိသားစုက ယခုအခါမှသာထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ ဂျော်ဒန်၏ သေဆုံးမှုကို ယနေ့အချိန်ထိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ကျောင်းတွင် ဆိုးသွမ်းကလေးငယ် တစ်ဦးအဖြစ် သတ်မှတ် ခံရပြီးနောက် ဂျော်ဒန်ကို (၁)ရက် ကျောင်းနားခဲ့ပြီး ပိုဆိုးလာသည့်အခါ (၅)ရက် ကျောင်းနားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်၊ ဇွန်လ (၂၇)ရက်နေ့ကမူ ကျောင်းအုပ်ကြီးက ဂျော်ဒန်အား ကျောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဂျော်ဒန်သည် ကျောင်းမှ ဝန်ထမ်းများကို ဒေါသတကြီး အော်ဟစ်ကာ အိမ်ပြန်သွားခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် မိမိကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်သည်။

Planet Myanmar Network 

No comments:

Post a Comment