Friday, 25 January 2013

"တက္ကသိုလ်ဝင် မေးခွန်းလွှာ ယမန်နှစ်ကဲ့သို့ မမှားစေရေး သတိပေး"

တက္ကသိုလ်ဝင်မေးခွန်းလွှာ အမှားအယွင်းမရှိစေရန် သက်ဆိုင်ရာ မေးခွန်း ထုတ်သူများအား ပညာရေးဝန်ကြီးဌာနမှ သတိပေးထားကြောင်း စုံစမ်းသိရှိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ သချာင်္မေးခွန်း ပုစ္ဆာတစ်ပုဒ် မှားခဲ့ခြင်းနှင့် ရူပဗေဒ ပုစ္ဆာတစ်ပုဒ် အဖြေအပေါ် အမှတ်ပေးစည်းမျဉ်း အငြင်းပွားခြင်းတို့ ရှိခဲ့ရာ အဆိုပါ ဖြစ်ရပ်မျိုး ယခုနှစ်တွင် မဖြစ်စေရေးအတွက် ဖြစ်မည်ဟု အဖြေလွှာစိစစ်သူ ကထိက အချို့က မှတ်ချက်ပြုသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မေးခွန်းထုတ်သူများအား အသိပေး မှုအပေါ် အတည်ပြု ပေးခဲ့ပြီး မေးခွန်းပုစ္ဆာမှားယွင်း မထုတ်မိစေရေး အတွက် ဖြစ်သည်ဟု ပြောသည်။
''စစ်ဆေးကြည့်တဲ့အခါ ပြောနေကြတာထက်ကို ပိုမှားနေတာကို တွေ့ ခဲ့ရတယ်။ ဒါမျိုး နောက် မဖြစ်စေဖို့အတွက်ပါ''ဟု ဒုတိယဝန်ကြီး က ပြောသည်။



တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အပါအဝင် နိုင်ငံခြားစာစစ်ဌာန တို့အတွက် မေးခွန်းလွှာများကို သက်ဆိုင်ရာ ဘာသာရပ် တာဝန်ရှိသူတို့က ထုတ် ကြခြင်း ဖြစ်သည်။
ဒဂုံတက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဦးဇော်မျိုးလှိုင်က ''ကျွန်တော်ဘက် လိုက်ပြီးပြောတာ မဟုတ်ဘူးနော်။ မှားခဲ့တိုင်း ကျောင်းသားဘက်ကို ကြည့် ပြီးတော့ပဲ လုပ်ပေးကြတယ်။ မမှားရင်တော့ အကောင်းဆုံးပဲ''ဟု ပြောသည်။
တက္ကသိုလ်တက်ရောက်ခွင့်ကို စာမေးပွဲရမှတ်ဖြင့် ပိုင်းဖြတ်သည့် နိုင်ငံအနေနှင့် ကျောင်း သားတိုင်းအတွက် ရမှတ်တစ်မှတ်မှာ အထူးအရေး ပါကြောင်း၊ စစ်တွေတက္ကသိုလ် ရူပဗေဒ ဌာန ကထိက ဒေါက်တာကျော်သန်းမိုးက ထောက်ပြခဲ့သည်။

PN-051

Popular Myanmar News Journal

No comments:

Post a Comment