Tuesday, 15 January 2013

“ပြည်တွင်းစစ်ရှည်ကြာမှုနှင့်အတူ ဆီးရီးယားတွင် မုဒိမ်းမှုများ ပိုမိုဖြစ်ပွား”

Photo: “ပြည်တွင်းစစ်ရှည်ကြာမှုနှင့်အတူ ဆီးရီးယားတွင် မုဒိမ်းမှုများ ပိုမိုဖြစ်ပွား”

ဆီးရီးယား နိုင်ငံတွင် ရှည်ကြာနေသော ပြည်တွင်းစစ်နှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာထိ မုဒိမ်းမှုများ ပျံ့နှံ့နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမျိုးသမီးငယ် တစ်ဦးသည် လမ်းပိတ်ဆို့သည့် နေရာတစ်ခုတွင်ပင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရပြီး သူမအား ဝတ်လစ်စားလစ်ဖြင့် အိမ်ပြန်ရန် မုဒိမ်းသမားများက အတင်းအဓမ္မ ခိုင်းစေခဲ့သည်။

အခြား ဖြစ်စဉ် တစ်ခုတွင် လက်နက်ကိုင်များ နေအိမ်အနီး ချဉ်းကပ်လာသည်ကို တွေ့ရှိသည့်နောက် သမီးဖြစ်သူအား မုဒိမ်းသမားများလက် မကျရောက်မီ ဖခင်က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ယခုအခါ ဆီးရီးယားရှိ အရပ်သား မိသားစုများတွင် မုဒိမ်းမှုသည် ထင်ထင်ရှားရှား ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း နယူးယော့ခ် အခြေစိုက် နိုင်ငံတာ ကယ်ဆယ်ရေး ကော်မတီ (IRC)က ပြောကြားသွားသည်။

အာရပ် လူ့အဖွဲ့အစည်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းသည် သားကောင်ဖြစ်သူ မိသားစု၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည်ဆိုသော အယူအစွဲကြောင့် ယင်းဖြစ်ရပ်များ လူသိရှင်ကြား ပေါ်ပေါက်လာမှု အလွန်နည်းပါးကြောင်းလည်း IRCက ဆိုသည်။

အေးချမ်းမွန်မှ  Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆီးရီးယား နိုင်ငံတွင် ရှည်ကြာနေသော ပြည်တွင်းစစ်နှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာထိ မုဒိမ်းမှုများ ပျံ့နှံ့နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမျိုးသမီးငယ် တစ်ဦးသည် လမ်းပိတ်ဆို့သည့် နေရာတစ်ခုတွင်ပင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရပြီး သူမအား ဝတ်လစ်စားလစ်ဖြင့် အိမ်ပြန်ရန် မုဒိမ်းသမားများက အတင်းအဓမ္မ ခိုင်းစေခဲ့သည်။

အခြား ဖြစ်စဉ် တစ်ခုတွင် လက်နက်ကိုင်များ နေအိမ်အနီး ချဉ်းကပ်လာသည်ကို တွေ့ရှိသည့်နောက် သမီးဖြစ်သူအား မုဒိမ်းသမားများလက် မကျရောက်မီ ဖခင်က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ယခုအခါ ဆီးရီးယားရှိ အရပ်သား မိသားစုများတွင် မုဒိမ်းမှုသည် ထင်ထင်ရှားရှား ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း နယူးယော့ခ် အခြေစိုက် နိုင်ငံတာ ကယ်ဆယ်ရေး ကော်မတီ (IRC)က ပြောကြားသွားသည်။

အာရပ် လူ့အဖွဲ့အစည်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းသည် သားကောင်ဖြစ်သူ မိသားစု၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည်ဆိုသော အယူအစွဲကြောင့် ယင်းဖြစ်ရပ်များ လူသိရှင်ကြား ပေါ်ပေါက်လာမှု အလွန်နည်းပါးကြောင်းလည်း IRCက ဆိုသည်။

  Planet Myanmar Network

No comments:

Post a Comment