Saturday, 19 January 2013

တောင်ကိုရီးယား နိုင်ငံ နျူကလီးယား အဏုမြူ ဓာတ်ပေါင်းဖိုတွင် ချွတ်ယွင်းချက် ရှာဖွေ တွေ့ရှိ၍ ပိတ်ခဲ့ရ

Photo: တောင်ကိုရီးယား နိုင်ငံ နျူကလီးယား အဏုမြူ ဓာတ်ပေါင်းဖိုတွင် ချွတ်ယွင်းချက် ရှာဖွေ တွေ့ရှိ၍ ပိတ်ခဲ့ရ

တောင်ကိုရီးယား နိုင်ငံတွင် နည်းပညာ ဆိုင်ရာ ချွတ်ယွင်းမှုကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတစ်ခုကို ဇန်နဝါရီ ၁၇ ရက်တွင် ပိတ်ခဲ့ရကြောင်း အင်တာနက် သတင်းအရ သိရသည်။

ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၃ဝ ကီလိုမီတာ အကွာရှိ The Uljin-1 နျူကလီးယား ဓာတ်ပေါင်းဖိုတွင် တိုင်းတာရေး ကိရိယာ ချွတ်ယွင်း ခဲ့သောကြောင့် ပိတ်ပစ် ခဲ့ရခြင်း ဖြစ်ကြောင်း Korea Hydro and Nuclear Power ကုမ္ပဏီ မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိ ကြွစေသည့် ဓာတ်ပစ္စည်းများ ယိုစိမ့်ခြင်း မရှိဘဲ ဓာတ်ပေါင်းဖိုမှာ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် အလိုအလျောက် ပိတ်သွား ခဲ့ရခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

၎င်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် နျူကလီးယား စွမ်းအင်သုံး ဓာတ်ပေါင်းဖို ၂၃ ခုရှိပြီး နိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ် ဓာတ်အား၏ ၃၅ ရာခိုင်နှုန်း ကျော်ကို အဆိုပါ ဓာတ်ပေါင်းဖို များမှ ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။ တောင်ကိုရီးယား အစိုးရသည် လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် နျူကလီးယား စွမ်းအင်သုံး ဓာတ်ပေါင်းဖို ၁၆ လုံးကို ထပ်မံ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/4783-2013-01-19-08-44-41#.UPoZ_u72t8A

အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  မြ၀တီ 

No comments:

Post a Comment