Saturday, 5 January 2013

ကေအိုင်အို (ကချင်လွတ်လပ်ရေး အဖွဲ့)တွင်ထိန်းသိမ်း ထားသော စစ်သား၊ ရဲတပ်သား တပ်ဖွဲ့ဝင် ၃၀ ဦးကို လွှဲပြောင်း ပေးအပ်လိုကြောင်း ဆက်သွယ် လာ

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကေအိုင်အို (ကချင်လွတ်လပ်ရေး အဖွဲ့)တွင်ထိန်းသိမ်း ထားသော စစ်သား၊ ရဲတပ်သား တပ်ဖွဲ့ဝင် ၃၀ ဦးကို ယင်းတို့ထံမှ တစ်ဆင့် လွှဲပြောင်း ပေးအပ်လိုကြောင်း ဆက်သွယ် လာသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည် ။
ထိုကိစ္စ နှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက် ညှိနှိုင်း ဆောင်  ရွက်လျှက်ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည် ။
ကေအိုင်အိုယာယီဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် တပ်မတော်၊ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်ပေါင်း ၅၀ကျော်ကို ထိန်းသိမ်းထားပြီး ထိုထိန်းသိမ်းထားသော တပ်ဖွဲ့ဝင်များကို အစိုးရထံလွှဲပြောင်း ပေးရန်ကြိုးပမ်းနေသည်မှာ အချိန်
ကြာ မင့်ပြီဖြစ်ပြီး အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း တစ်စုံတစ် ရာမရခဲ့ကြောင်း ကေအိုင်အိုမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၆ ရက်ကပြောသည်။
ထိုထိန်းသိမ်းထားသောတပ်ဖွဲ့ဝင်များတွင် ထွက်ပြေးလာသူများ၊ တိုက်ပွဲများ တွင် ဒဏ်ရာရကာ ထိန်းသိမ်းရရှိသူများပါဝင်ပြီး ထို၅၀ကျော်သော တပ်ဖွဲ့ဝင် များတွင် အသက်မပြည့်သေးသော တပ်သားများလည်းပါဝင်သည်
ကိုမြအေးဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ဇန်န၀ါရီ ၁ရက် တွင် လိုင်ဇာမြို့သို့သွားရောက်ကာဖြစ်ပွားနေသော တိုက်ပွဲ များနှင့် ပြသနာများပြေလည်အောင် ဆွေးနွေးရန် ကေအိုင်အို ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  7Day News Journal

No comments:

Post a Comment