Friday, 18 January 2013

အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း

Photo: အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း


အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်။

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အစိုးရကို ဆန့်ကျင်သည့် သူပုန်တပ်ဖွဲ့များသည် အဆိုပါ ဓာတ်အားပေး စက်ရုံကို ဗုဒ္ဓဟူးနေ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသား ဓားစာခံ (၄)ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရ သတင်းဌာနများက ဆိုသည်။

အယ်လ်ဂျီးရီးယားစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ၃၀ နှင့် သူပုန် ၁၅ ဦး သေဆုံးသွားကြောင်း အချို့သတင်းများတွင် ဖော်ပြသည်။ လတ်တလောတွင် ဓားစာခံ အချို့ ပျောက်ဆုံးနေပြီး ယင်းတို့ကို သူပုန်တပ်များက ထိန်းသိမ်းထားဆဲဟု ယုံကြည်ရသည်။


အေးချမ်းမွန်မှ Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အစိုးရကို ဆန့်ကျင်သည့် သူပုန်တပ်ဖွဲ့များသည် အဆိုပါ ဓာတ်အားပေး စက်ရုံကို ဗုဒ္ဓဟူးနေ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသား ဓားစာခံ (၄)ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရ သတင်းဌာနများက ဆိုသည်။

အယ်လ်ဂျီးရီးယားစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ၃၀ နှင့် သူပုန် ၁၅ ဦး သေဆုံးသွားကြောင်း အချို့သတင်းများတွင် ဖော်ပြသည်။ လတ်တလောတွင် ဓားစာခံ အချို့ ပျောက်ဆုံးနေပြီး ယင်းတို့ကို သူပုန်တပ်များက ထိန်းသိမ်းထားဆဲဟု ယုံကြည်ရသည်။


Planet Myanmar Network 

No comments:

Post a Comment