Sunday, 13 January 2013

တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်းအအေးပို

တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။

“အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေးတာပါ၊အလွန်ဆုံးတစ်ပတ်လောက်
တော့အေးမယ်”ဟုဌင်းကဆိုသည်။

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမူဦးစီး ဌာန၏ဇန်န၀ါရီလအတွက်မိုးလေ၀သခန်းမှန်းချက်တွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်
ဇန်နဝါရီလ၏ပျမ်းမျှအပူချိန် အောက် အနည်းငယ်လျော့ကြကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်ဖြစ်ကြောင်း၊


စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆)ရက်မှ(၁၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ကျဆင်းနိုင်ကြောင်းထုတ်ပြန်ထားသည်။

“ဒီရက်ပိုင်းမှာ အအေးဓါတ်ကသိသိသာသာပိုလာတယ်၊မနက်မိုင်းမှာ မြူတွေလည်းပိုကြလာတယ်၊
ညဘက်တွေမှပိုသိသာပါတယ်” ဟု လှော်ကားမြို.နယ်၊တာဆုံအနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။

သြစတြေးလျမိုးလေ၀သဌာနက ၂၀၁၂နိုဝင်ဘာလအတွင်း ထုတ်ပြန်မူတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ
တွင် ပုံမှန်ထက်ပိုမိုပူပြင်းနေပြီး ယခုနှစ်ဆန်းတွင် အရှေ.တောင်အာရှ၌ အယ်လ်နီညို(ပူပြင်းခြောက်
သွေ.သောရာသီဥတု)ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သော်လည်းယခုဆောင်းဝင်ရောက်မူမှာလ၀က်
ကျော်လာသည့်အတွက်သေချာခြင်းမရှိကြောင်း ဦးထွန်းလွင်ကပြောကြားသည်။

AFP သတင်းတွင်ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်သို. ကျဆင်းခဲ့ပြီး အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ဇန်န၀ါရီ၁၀ရက်နေ.့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။

Venus News Weekly

No comments:

Post a Comment