Sunday, 20 January 2013

လိုင်ဇာကို မသိမ်းဘူးလို့ ဘာကြောင့် ကြေညာရတာလဲ

~KIO, KIA ဌာနချုပ်ဟာ တပ်မတော်ရဲ့ လက်တကမ်းမှာ ရှိသော်လည်း တပ်မတော်ဟာ ငြိမ်းချမ်းရေးကိုလိုလားလို့ အဆုံးသတ် သိမ်းပိုက်မှု မလုပ်ကြောင်း ကြေညာလိုက်တာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ 
 ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ
နိုင်ငံတော် သမ္မတဦးသိန်းစိန် လူမှုအဖွဲ့အစည်းများနှင့် ယနေ့နေလယ် ၂ နာရီတွင် ရန်ကုန်တိုင်း လွှတ်တော်တွင် တွေ့ဆုံစဉ် အခုလို  ထည့်သွင်းပြောကြားသွားတာပါ။ 
"KIO , KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ တပ်မတော်ရဲ့ လက်တကမ်းမှာရှိပေမယ့် အဆုံးသတ် သိမ်းပိုက်မှု မလုပ်ဘူးလို့ကြေညာလိုက်တာက တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ သက်သေပြ လိုက်တာပါပဲ" လို့ ဦးသိန်းစိန်က ပြောလိုက်တာပါ။
 ဒီကနေ့ နေ့လယ်ပိုင်းက ကျင်းပတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လူထု အခြေပြု လူမှု အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံပွဲ မြင်ကွင်းတချို့ကိုလည်း ပြန်လည်တင်ပြပေးလိုက်ပါတယ်။
သမ္မတဦးသိန်းစိန် လူမှုအဖွဲ့အစည်းပေါင်းစုံနှင့်တွေ့ဆုံရန် ခန်းမသို့ဝင်လာစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

 သမ္မတ ဦးသိန်းစိန် လူမှုအဖွဲ့အစည်းပေါင်းစုံနှင့်တွေ့ဆုံပြီး တင်ပြချက်များကို နားထောင်နေစဉ်

 ငြိမ်းချမ်းရေးကွန်ရက်က တင်ပြနေစဉ်

လူမှုအဖွဲ့အစည်းပေါင်းစုံနှင့်တွေ့ဆုံပြီး တင်ပြချက်များကို လိုက်လံမှတ်ယူနေတဲ့ ဦးသိန်းစိန်

တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ၀န်ကြီးများ

Irrawaddy Blog

No comments:

Post a Comment