Saturday, 19 January 2013

သရုပ်ဆောင်မေဇွန်အား ရဲစခန်းမှ စစ်ဆေးမှုတွင် သက်သေအဖြစ် ဆောင်ရွက်သူနှစ်ဦးအား စစ်ဆေး



သရုပ်ဆောင်မေဇွန်အား ရဲစခန်းမှ စစ်ဆေးမှုတွင် သက်သေအဖြစ် ဆောင်ရွက်သူနှစ်ဦးအား အနောက်ပိုင်ခရိုင် တရားရုံးတွင် ၂၀၁၃  ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သက်သေအဖြစ် လိုက်ပါဆောင်ရွက်သူနှစ်ဦးမှာ သရုပ်ဆောင်မေဖွန်အား ကမာရွတ်ရဲစခန်းတွင် စခန်းမှူးမှ စစ်ဆေးမေးမြန်းစဉ် သက်သေအဖြစ် လိုက်ပါသူများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ အနောက်ပိုင်းခရိုင်တရားရုံးတွင်   သရုပ်ဆောင်မေဇွန်နှင့် ပတ်သတ်၍ တရားလိုသက်သေထွက်ဆိုမှုတွင်  ၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသော မေဇွန် မှာ MRTV-4  ၏  Flower & Butterfly  ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင်  စက်တင်ဘာလ ၁၀ ရက်နေ့ညက  အိမ်ဖော်မလေးသေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညဉ်းပန်းနှိပ်စက်မှုများရှိ ကြောင်း၊ပါးရိုက်ခြင်း၊ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်ဖြင့် နံရံများဖြင့်ရိုက်ခြင်း၊ပက်လက်လှန်ခိုင်းပြီး၊ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား  ကြက်မွေးတစ်ချောင်းပေး၍ ၎င်းစိတ်ကျေနပ်သည့်အထိ ရိုက်ခိုင်းခဲ့ကြောင်း  ၀န်ခံချက်အရ သိရသည်။
EMG

No comments:

Post a Comment