Thursday, 2 August 2012

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ





မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။ 
ခေါင်းတွင်တပ်ရသော ကင်မရာက မျက်လုံးလှုပ်ရှားမှုကို ဖတ်ကာ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် စာထင်လာစေခြင်း၊ ပုံဆွဲနိုင်ခြင်းတို့ကို ပြုနိုင်ပြီဟုသိရသည်။ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမပြုနိုင်တော့ သူများအတွက် စီအင်န်အာအက်စ် အင်စတီကျုမှ ယန်းလောရင်းဆူကဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်ကိုသုံးတတ်စေရန် နာရီဝက်မျ လေ့ကျင့်သင်ကြားပေးမှုသာလိုအပ်သည်ဟု ဆိုသည်။ 

လူငယ်လို တွေးပြီး လူကြီးလို သီချင်းတွေ ရေးတဲ့ ဒုံးပျံလွှမ်းပိုင်




မင်းလည်း ဘိုကေ။ ငါလည်း ဘိုကေ xxx ညှပ် ညှပ် ဆိုတဲ့ စာသားနဲ့ ဒုံး ဒုံး ဒုံးပျံ ဆိုတဲ့ စာသားတွေက လူငယ် ပရိသတ် ပါးစပ်ဖျားမှာ စွဲထင်နေတဲ့ သီချင်းတွေပါ။
လျှာခလုတ် တိုက်မတတ် ရွတ်ဆိုရတဲ့ တချို့ Rap သီချင်းတွေက လူငယ်တွေတင်မက လူကြီးတွေရဲ့ နားထဲကိုပါ ၀င်ရောက်နေပါတယ်။ ဒီသီချင်း ဖန်တီးရှင်တွေက လူငယ်တွေဖြစ်တဲ့ အတွက် လတ်ဆတ်မှု၊ ဖျတ်လတ်မှု၊ တက်ကြွမှုနဲ့ ခေတ်မီမှုတွေ အပြည့်အ၀ ပါဝင်နေတာပါ။ အခုတစ်လော လူငယ်တွေ စီးနေကြတဲ့ ဒုံးပျံနဲ့ လူငယ်တွေ ညှပ်နေတဲ့ ဘိုကေကို ဖန်တီး သီဆိုသူက လွှမ်းပိုင်ပါ။

ဒုံးပျံ တေးစီးရီး မှာ လွှမ်းပိုင်နဲ့ Bobby Soxer က ပါဝင် သီဆို ထားကြတာ ဖြစ်ပြီး ၂ ယောက်စလုံးရဲ့ သီချင်းတွေကို ပရိသတ် လက်ခံခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင်က ဒုံးပျံ ခွေမထွက်ခင်မှာ ၇ နှစ်၊ ၈ နှစ်လောက် ကြိုးစားနေခဲ့ရတာ ဖြစ်ပြီး Hip Hop Show နဲ့ အတွဲ တေးစီးရီးတွေမှာ ပရိသတ်နဲ့ အရင်ဆုံး ရင်းနှီးအောင် ထိတွေ့ခဲ့ရ ပါတယ်။

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု(ရေးသားသူ- အားမာန်)


နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။

အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏    ခေတ်နောက်ပြန်ဆွဲသော အပြုအမူများကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရကြသေးပေ။

ထွန်းသစ်စနိုင်ငံတွင်းက ရုန်းကန်နေရဆဲ စတုတ္ထမဏ္ဍိုင်၏ မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ…



 မြန်မာနိုင်ငံသည် ရွေးကောက်ပွဲသစ် လွှတ်တော်သစ် အစိုးရသစ်ဖြင့် ပြုပြင်ပြောင်းလဲမှုကို စတင်လိုက်သော အရှေ့တောင်အာရှမှ ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုဖြင့်သည်။ ယခုကာလသည် အာဏာရှင်စနစ်မှဒီမိုကရေစီ နိုင်ငံသစ်ကို ကူးပြောင်းရဆဲ အချိန်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတွင် ရှိသင့်ရှိအပ် သော ဒီမိုကရေဒီကို ရှင်သန်ဖွံ့ဖြိုးအောင် ထောက်ပံ့ပေးမည့် မဏ္ဍိုင်တို့သည် အားနည်းလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသော အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြင့် တိုင်းပြည်ကို မောင်းနှင်ကြရသည်။ ထို မောင်းနှင်နေသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူကို ကြားမှပွင့်လင်းမှု ရှိအောင် ဆက်သွယ်ပေးသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားတို့၏ အသိဥာဏ်ဖွံ့ဖြိုးရေးတွင် အရေးပါသော မဏ္ဍိုင်တစ်ရပ် ရှိသည်။ အဆိုပါ မဏ္ဍိုင်ကား နိုင်ငံ၏ မီဒီယာဟူသော စတုတ္ထမဏ္ဍိုင်ပင် ဖြစ်သည်။

ရွှေကြော အန္တရယ်နဲ့ အခွင့်အလန်း ( ဘုန်းကျော်)

၂ဝ၁၂-ခုနှစ်ရောက်လာတော့ ရွှေကြောအသစ်တွေ့ ဖို့ ကို အင်မတန်ခက်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်မှီနည်းပညာတွေနဲ့ တူးတဲ့လူတွေများလာလို့ ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က အခြေအနေနဲ့  အခု အခြေအနေမတူတော့ပါဘူး။ သယံဇာတတွေကုန်လာနေပြီ။
 
ရွှေဈေးကလည်း မကျတဲ့အပြင် တရိပ်ရိပ်နဲ့ တက်လာတယ်။ ကုန်ဈေးနှုံးကလည်း ကြီးလာတော့ အရင်ကလောက် ရွှေတူးတဲ့ကုမ္မဏီတွေ မမြတ်တော့ဘူး။ တွေ့ ပြီးသားရွှေကြောတွေကို တူးတာကလည်း နှစ်အနည်းငယ်အတွင်းမှာ ကုန်သွားမှာဆိုတော့ ရွှေကြောအသစ်အသစ်တွေကို ကုမ္မဏီတွေက အပြိုင်အဆိုင်ရှာလာပါတော့တယ်။
ရွှေတူးတဲ့ ကုမ္မဏီကြီးတွေမှာ ကမ္ဘာပတ်ပြီး ရွှေရှာဖို့ အတွက် သီးသန့် ဖွဲ့ ထားတဲ့ ဌာနရှိတယ်။ The Growth and International Project Team လို့ ခေါ်တယ်။ သူတို့ အလုပ်က နယ်လှည့်ပြီး ရွှေကြောဖြစ်နိုင်ခြေကို လိုက်ပြီး ရှာတယ်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့် လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး ထုတ်ဖော်ပြောဆို......

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ
အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
သမ္မတ၏ အမိန့် ဖြင့်
မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော
နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို
စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ 
ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ
( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။

" တိုင်းပြည်လုံခြုံရေးအတွက်ပါ... အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က
ခြံစည်းရိုးလိုပါဘဲ... လုံခြုံအောင်ဆောင်ရွက် သွားမှာပါ... " ဟု
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။

အီရန်နိုင်ငံ၌ တာလီဘန် အကြမ်းဖက် အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့်ပေး

ကဘူး၊ သြဂုတ် ၁။

အီရန်နိုင်ငံတွင်း၌ တာလီဘန် အကြမ်းဖက်အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့် ပေးလိုက်ပြီး ယင်းအဖွဲ့ ကိုလည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အမေရိကန် နှင့် အာဖဂန် ထောက်လှမ်းရေး အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal တွင် ဖော်ပြထားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်နိုင်ငံ၌ ရေရည် တပ်စွဲခွင့်ပေးမည့် အမေရိကန်-အာဖဂန် မဟာမိတ် စာချုပ်ခဲ့ခြင်းကို တုံပြန်သည့် အနေဖြင့် တာလီဘန် အကြမ်းဖက်အဖွဲ့ကို တရားဝင်ရုံးခန်း ဖွင့်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားသွားသည်။

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်ကာ မြစ်ချောင်းအနီး နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်




၂၀၁၂ ခုနှစ် မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်း အပါအ၀င် မြစ်ငယ်များ၊ ချောင်းများတွင် မြစ်ရေမြင့်တက်ကာ မြစ်ချောင်းကမ်းတစ်လျောက်ရှိ နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်လာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး ပထမကာလသည် မိုးဦးကာလ ဇွန်လ၊ ဒုတိယ ကာလသည် မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လများ၊ တတိယကာလသည် မိုးနှောင်းကာလ စက်တင် ဘာလနှင့် မိုးလွန်ကာလဖြစ်သော အောက်တိုဘာလတို့ဖြစ်ကာ လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
မိုးလယ်ကာလအတွင်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေကြီးခြင်း သတိပေးချက်များကို စစ်တောင်းမြစ်တွင် မဒေါက်မြို့နှင့် တောင်ငူမြို့၊ သံလွင်မြစ်တွင် ဘားအံမြို့၊ ပဲခူးမြစ်တွင် ပဲခူးမြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့၊ ဧရာဝတီမြစ်တွင် ဟင်္သာတမြို့၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့ စသည်တို့၌ ထုတ်ပြန်ခဲ့ရသည်။

ဆရာ့ကိုလွမ်းတဲ့စာ(ဂျူး)



မြသန်းတင့် (23 May 1929 - 18 February 1998)
အမျိုးသားဘာသာပြန် စာပေဆု (၅)ကြိမ်ရ (1972 , 1978 , 1989 , 1993 , 1995) ဘာသာပြန်/ပင်ကိုယ်ရေးစာရေးဆရာ

  1. စစ်နှင့် ငြိမ်းချမ်းရေး (၁၉၇၂ အမျိုးသားဘာသာပြန်စာပေဆု) War And Peace - Leo Tolstoy
  2. လေရူးသုန်သုန် (၁၉၇၈ အမျိုးသားဘာသာပြန်စာပေဆု) Gone With the Wind - Magaret Mitchell
  3. ခန်းဆောင်နီအိပ်မက် (၁၉၈၈ အမျိုးသားဘာသာပြန်စာပေဆု) Dream of the Red Chamber - Cao Xueqin
  4. သုခမြို့တော် (၁၉၉၂ အမျိုးသားဘာသာပြန်စာပေဆု) City of Joy -Dominique Lapierre
  5. အချစ်မိုးကောင်းကင် (၁၉၉၅ အမျိုးသားဘာသာပြန်စာပေဆု) Beyond Love - Dominique Lapierre

ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ မြတ်စွာဘုရားကို တ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာတဲ့စိတ်က နှမြောတသ စိတ်ပါ။

HRW စွပ်စွဲချက် သမ္မတ ပြောခွင့်ရ တုံ့ပြန်

ရခိုင်ဒေသ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာလုံခြုံရေးတွေက အကြမ်းဖက်မှုတွေ မပျံ့နှံ့ အောင် မတားဆီးခဲ့ဘူးဆိုတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ စွပ်စွဲချက်ကို မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ငြင်းဆိုသွားပါတယ်။


အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာတာ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဝင်ပြီး ဖြေရှင်းပေးတာတွေကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက် ပေးခဲ့ တယ်လို့ ဦးကိုကိုလှိုင် က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း ဆူပူမှုတွေကို အစိုးရကိုင်တွယ်ဖြေရှင်းမှု HRW ဝေဖန်

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးခွင့် ရှိပါလျက်နဲ့ တားဆီး ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ Human Rights Watch ခေါ် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား လိုက်ပါတယ်။


ဒါပေမယ့် အခုချိန်ဟာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် အခုလို အဓိကရုဏ်းတွေကို အစိုးရအနေနဲ့ သတိထား ကိုင်တွယ်ဖြေရှင်း တာ ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် က ပြောပါတယ်။

အင်းကြင်းရုပ်ကြွင်းထဲက ဘ၀များ



မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာဒေသရှိ အင်ကြင်းကျောက်ကွင်းများသို့ ရောက်ရှိသောအခါ ကဗျာဆရာပိုင်စိုးဝေ၏ ''ကိုယ့်အိတ်ထဲက တစ်ပြားတစ်ချပ်မှမပါဘဲနဲ့ လမ်းပေါ်က တစ်ပြား တစ်ချပ်မှ ကောက်ရဖို့ မျှော်လင့်မထားနဲ့ ကံကြမ္မာဆိုတာ ‘ဒီလိုဘဲမျှားယူရတယ်...'' ဆိုသည့် ကဗျာတစ်ပိုဒ်ကို သတိရမိသည်။
အညာပီသသော အညာဒေသမို့ မုတ်သုံဝင်ချိန်ဖြစ်သော်လည်း မိုးသားတိမ်လိပ်ကြားမှ နေပြူကာ စူးစူးရဲရဲနှင့် အညာသရုပ်က ပီပြင်စွာ ပေါ်လာသည်။

ညီအကိုခြင်းရက်စက်စွာ သတ်မှုတောင်တွင်းကြီး အောင်မြေသာကျေးရွာတွင် ဖြစ်ပွား

 မကွေးတိုင်းဒေသကြီးတောင် တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်း ပိုင် ရဲစခန်းမြောက်ဘက် (၁၅)မိုင် ခန့်အကွာ ယာကြီးတောအုပ်စု အောင်မြေသာကျေးရွာတွင်အရက် သောက်စားပြီး စကားများရာမှ လူသတ်မှုဖြစ်ပွားကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ ၂၈-၇-၂၀၁၂ ရက်နေ့ ည(၈)နာရီအချိန် ခန့်က မခင်ကြူ(၃၈)နှစ်(ဘ)ဦးထွန်း သောင်းသည် ယောက္ခမဖြစ်သူ ဒေါ်သန်းညွန့်နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ အောင်လင်းနှင့် အောင်လင်း၏ ညီဖြစ်သူအောင် မင်းတို့ ညီအစ်ကိုနှစ်ဦးအရက်မူး ပြီး တစ်ယောက်တစ်ခွန်းစကား များကြရာမှ အောင်မင်းမှခင်ပွန်း ဖြစ်သူအောင်လင်းအား ဓားနှင့် ခုတ်သက်ကြောင်း ဆက်သွား ရဲစခန်းသို့ လာရောက်တိုင်တန်း သဖြင့် ထိုနေည(၁၀)နာရီ(၄၅) မိနစ်အချိန် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်ဆို၏။

အလက်ပိုမြို့နှင့် တူရကီအကြားရှိ မဟာဗျူဟာမြောက် စစ်ဆေးရေးဂိတ်တစ်ခုကို ဆီးရီးယားတော်လှန်ရေးသမားများ သိမ်းပိုက်




ဆီးရီးယား တော်လှန်ရေးသမားတို့လက်ချက်ဖြင့် ဆီးရီးယား စစ်တပ်တင့်ကားတစ်စီး ပျက်စီးနေမှုကို ဇူလိုင်လ ၃၀ ရက်က တွေ့ရစဉ်
ဆီးရီးယားလူဦးရေ အထူထပ်ဆုံးမြို့တွင် ဇူလိုင်လ ၃၀ ရက်က အစိုးရတပ်များနှင့် အတိုက်အခံ တော်လှန်ရေးတပ်များအကြား ၁၀ နာရီကြာ တိုက်ခိုက်မှုအပြီး တော်လှန်ရေးသမားများက အလက်ပိုမြို့ အနောက်မြောက် ဘက်နှင့် တူရကီအကြားရှိ မဟာဗျူဟာမြောက် စစ်ဆေးရေးဂိတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။
အလက်ပိုမြို့အနောက်မြောက်ဘက်မှ ငါးကီလိုမီတာအကွာရှိ အန်နာဒန် စစ်ဆေးရေးဂိတ်တစ်ခုကို သိမ်းနိုင်ခဲ့ကြောင်း ပြီးခဲ့သောလကမှ ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းခဲ့သော ဗိုလ်ချုပ်ကြီးအဆင့်ရှိ အဘ်ဒယ်နာဆာက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် တူရကီနယ်စပ်နှင့် အလက်ပိုမြို့တို့အကြား ဆီးရီးယား အတိုက်အခံဖြစ်သော ဆီးရီးယားလွတ်မြောက်ရေး တပ်မတော် (FSA) မှာ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိတော့ မည်ဖြစ်သည်။

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ(အောင်ဝေး)


ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။
ဒီအချိန်မှာ တစ်တိုင်းပြည်လုံးလှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ် ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန်္ဒပြတိုက်ပွဲဝင်နေကြပါ ပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်း သားတွေ၊ ပြည်သူ့ သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီးအဖြစ် ချင်းချင်းနီရဲသွား မယ့် အချိန်ပါ။
ကြည်း၊ ရေ၊ လေ တပ်မတော်သား တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါ ပြီ။ အစိုးရ ၀န်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါ ပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက် ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော် တို့အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့

အာဂျင်တီးနားတွင် အနှစ် ၂၀၀ အတွင်း ငွေစက္ကူ၌ အမျိုးသမီးပုံကို ပထမဆုံးအကြိမ် ထည့်သွင်း




အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက ပီဆို ၁၀၀ တန်ကို ပြသနေစဉ် Photo:AFP
အာဂျင်တီးနားတွင် နိုင်ငံသုံး ငွေကြေးပီဆို ၁၀၀ တန်ထုတ်ဝေရာ၌ အာဂျင်တီးနား၏ လူသိများထင်ရှားသော သမ္မတကတော်ဟောင်းဖြစ်သည့် အီဗီတာမျက်နှာပုံကို ထည့်သွင်းခဲ့ကြောင်း သိရသည်။
အမည်ပြောင် အီဗီတာဟု လူသိများသော အီဗာပီရွန်မှာ လာမည့်သီတင်းပတ်များအတွင်း ထုတ်ဝေမည့် ပီဆို ၁၀၀ တန်များတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် CNA အင်တာဗျူး




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Channel News Asia မှ Indochina Bureau Chief ဖြစ်သူ Anasuya Sanyal က တွေ့ဆုံ မေးမြန်းနေစဉ်
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel  News  Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်

ပိုင်ဆိုင်မှုစာရင်းပြုစုပြီး သမ္မတထံတင်ပြဖို့ ညွှန်ကြားချက်ထဲ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ မပါဘူးလို့ နောက်ဆုံးညွှန်ကြားချက် ရောက်လာတဲ့အြေကာင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။


“မနေ့ပြန်ပြောတယ်၊ တိုင်းဒေသြကီး ဝန်ကြီးတွေ ပို့စရာမလိုတော့ဘူးတဲ့။ ကြေးနန်းပြန်ဝင်လာတယ်တဲ့။

”ဇူလိုင် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့စာထဲမှာ တရားသူကြီးချုပ်နဲ့ လွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဖွဲ့စည်းပုံအြေခခံဥပေဒဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဌနဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသြကီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းနဲ့ပြည်နယ် ဥပေဒချုပ်နဲ့ တရားသူကြီးချုပ်တွေ အားလုံးဟာ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး သမ္မတထံ ဩဂုတ် ၁ ရက် ပေးပို့ဖို့ ဖော်ပြပါရှိပါတယ်။

ရိုဟင်ဂျာများအနေဖြင့် လူဦးရေစိမ့်ဝင်မှုသီအိုရီဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှပြောကြား

 နိုင်ငံခြားသား ရိုဟင်ဂျာများ အနေဖြင့်(Population Density)လူဦးရေသိပ်သည်းမှု ဘာ သာရပ်၏ အကောင်းဆုံး သီအိုရီ  တစ်ခုဖြစ်သော လူဦးရေစိမ့်ဝင်မှု  နည်းလမ်းများဖြင့်ပြည်တွင်းသို့ဝင် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း  မှ ပြောကြားသွားခဲ့သည်။
““အရင်တုန်းကတည်းက လူ ကြီးတွေက အမျိုးမျိုးစဉ်းစားတယ်။   ဒီဟာကPopulationDensity ဘာသာရပ်ပေါ့ဗျာ ဒီ ရိုဟင်ဂျာ  တွေကPopulation Best Theory  နဲ့ ကျွန်တော်တို့ နိုင်ငံထဲကိုစိမ့်ဝင် လာတယ်။အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။  သူတို့တစ်ယောက်ထဲနဲ့မိန်းမ က   လေးယောက်လောက်ယူလိုက် တယ်။ဒီတော့ တစ်နှစ်မှာ ကလေး  တစ်ယောက်ပဲမွေးနိုင်တဲ့တိုင်းရင်း သားတွေထက်စာရင်သူတို့က တ နှစ်မှာကလေး လေးယောက်မွေး နေတယ်။

အိန္ဒိယနှင့် မြန်မာစစ်ရေး၊ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုမြှင့်တင်

နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင် ရွက်မှုကို မြှင့်တင်တဲ့ အနေနဲ့ မြန်မာ့ တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေး သွားဖို့နဲ့ လက်နက် မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ ကူညီသွားဖို့ ဆုံးဖြတ် လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
အခုလို မဟာဗျူဟာအရ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ကို ချမှတ်လိုက်တာဟာ မြန်မာစစ်တပ် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။

ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက် KIA ထံ တပ်သားသစ် ပို့ဆောင်ရ

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက်နုန်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ထံ တပ်သားသစ် ပို့ပေးရကြောင်း ဒေသခံများက ပြောသည်။


မန်ဝိန်းကြီး ကျေးရွာ အုပ်စုအတွင်းမှ လူငယ် (၁၈) ဦးအား KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်းကျေးရွာသို့ ယခုလ (၃၀) ရက်နေ့က ရပ်ရွာလူကြီးများကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ရသည်ဟု မန်ဝိန်းကြီး ဒေသခံ တဦးက အခုလို ပြောသည်။

“တစ်ရွာတယောက် မပေးလို့ကို မရဘူးလို့ ပြောတယ်။ ရွာလူကြီးတွေကနေ ရှာဖွေထားပေါ့။ မပေးရင် ရပ်ထဲရွာထဲဝင်ပြီး အနိုင်ကျင့်တာတွေလည်း ရှိတယ်။ အဲဒါနဲ့ ဒီလ (၃၀) ရက်နေ့၊ မနေ့ကပေါ့ ရွာလူကြီးတွေ စုပြီး သွားပို့ပေးလိုက်ရပြီ။ အားလုံး (၁၈) ယောက်။”