Thursday, 2 August 2012

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ





မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။ 
ခေါင်းတွင်တပ်ရသော ကင်မရာက မျက်လုံးလှုပ်ရှားမှုကို ဖတ်ကာ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် စာထင်လာစေခြင်း၊ ပုံဆွဲနိုင်ခြင်းတို့ကို ပြုနိုင်ပြီဟုသိရသည်။ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမပြုနိုင်တော့ သူများအတွက် စီအင်န်အာအက်စ် အင်စတီကျုမှ ယန်းလောရင်းဆူကဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်ကိုသုံးတတ်စေရန် နာရီဝက်မျ လေ့ကျင့်သင်ကြားပေးမှုသာလိုအပ်သည်ဟု ဆိုသည်။ 

လက်ရှိအချိန်တွင် စမ်းသပ်ဆဲ အဆင့်သာရှိသေးသည့် စနစ်ဖြင့်  စာရိုက်ပါက တစ်မိနစ်လျှင် စာလုံး ၂၅ လုံးမျ ရိုက်နိုင်သည်ဟု သိရသည်။ အလားတူစနစ်များ ယခင်က တီထွင်နိုင်ခဲ့မှုရှိခဲ့သော်လည်း ယခုလောက် အသုံးပြုသူစိတ်တိုင်းကျသည့် တိကျမှုမျိုးပေးနိုင်သည့် အခြေအနေမျိုး မရှိခဲ့ဟု သိရသည်။
Ref: AFP
EMG

No comments:

Post a Comment