Sunday, 8 January 2012

ကြက်တူရွေး စာသင်ခန်းနှင့် အကျဉ်းထောင်(သန့်ဇင်အောင်-ရန်ကင်း)


ကြက်တူရွေးများသည် သင်ပေးသမျှသောစကားများကို ၏၊ သည် မလွဲ ပြန်ပြောတတ်သည်ဟု ငယ်ငယ်ကတည်းက ကျနော် ကြားဖူးပါသည်။ ကျနော် နေထိုင်ရာ ရန်ကုန်မြို့ကြီးတွင် ယခင်က ကြက်တူရွေး များကို ရန်ကုန်တိရစ္ဆာရုံနှင့် လမ်းမတော်သံဈေးတွင်သာ တွေ့နိုင်ပါသည်။ ကြက်တူရွေးများကို မြင်ရသည်နှင့် မည်သူမဆို ကလေးလူကြီးမရွေး ချစ် ခင်စိတ်များ ဖြစ်ပေါ်ရပါသည်။

NLD ပါတီ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းရွေးချယ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

(Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော် ၄ မြို့နယ်က လစ်လပ်နေရာတွေအတွက် ဗဟိုနဲ့ မနက်ဖြန် ညှိနှိုင်းမယ်လို့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိ တွင် နိုင်ငံတော်ဧည့်ဂေဟာစတင်တည်ဆောက်

7156
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၌ နိုင်ငံတော်ဧည့်ဂေဟာ စတင် တည်ဆောက်နေကြောင်း သတင်း ရရှိသည်။

အဖြူရောင် တနင်္ဂနွေ လှုပ်ရှားမှု တာမွေမြို့နယ် အတွင်းကျင်းပ

ရန်ကုန်၊ ဇန်န၀ါရီ ၈
ယုံကြည်ချက်ကြောင့် အ အကျဉ်းကျခံရသူဟောင်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အကျဉ်းထောင်အသီးသီး၌ ယုံ ကြည်ချက်ကြောင့် ပြစ်ဒဏ်ကျ ခံနေရသူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် အဖြူရောင် တနင်္ဂနွေ(White Sunday) လှုပ် ရှားမှုအား ဇန်န၀ါရီ ၈ ရက်နေ့ က တာမွေမြို့နယ်အတွင်း ပြု လုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံရ သူဟောင်း ၃၅ ဦးခန့်ပါဝင်ခဲ့ပြီး တာ မွေမြို့နယ်ရှိ တာမွေပလာဇာရှေ့မှ ငြိမ်သက်စွာ စီတန်းလှည့်လည်၍ တာမွေမြို့နယ်အတွင်းရှိ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၅ ဦး၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များ အား သွားရောက်အားပေးစကား ပြောကြား၍ စာအုပ်များ လှူဒါန်းခဲ့ သည့်အပြင် ၎င်းင်းတို့၏သဘောထား များကို မေးမြန်းခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ အတွက် ဒိန်းမတ်မှ ကန်ဒေါ်လာ ၄.၅သန်း လှူမည်

71511
ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ကို ပေးအပ်စဉ်
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းလှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်ကို ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပေးခဲ့ကာ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha ကလက်ခံရယူခဲ့ကြောင်း သိရသည်

ELEVEN MEDIA GROUP ၏အသိပေးကြေငြာချက်

Eleven Media Group သည် "Truth, nothing but the truth"  အမှန်တရားမှလွဲ၍ မှန်သည့်အရာ ဘာမှမရှိ ဟူသော ခိုင်မာသည့်မူဝါဒဖြင့် မီဒီယာသက်တမ်း ၁၂ နှစ်တာကာလကို ဖြတ်သန်းခဲ့သည်ကို အစိုးရ၊ အတိုက်အခံနှင့် အများပြည်သူအားလုံး သိရှိပြီးဖြစ်ပါသည်။ Eleven Media Group ၏  နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိသော စေတနာ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒတို့ဖြင့် လုပ်ဆောင်ခဲ့သည် များကို မျက်ကွယ်ပြုကာ နိုင်ငံ၏ အပြောင်းအလဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍကို လက်သင့်မခံနိုင်သော သဘောထားသေးသိမ်သူအချို့သည် Eleven Media Group နှင့်

အင်္ဂလန်မှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့်အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်းဖွင့်ရန်ပြင်ဆင်

7154
Standard Chartered ဘဏ်ခွဲတစ်ခုကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် တွေ့ရစဉ်
အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပြည်တွင်းဘဏ် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။

ခေါင်းဆောင်သစ်အတွက် အခွင့်ကောင်းသစ်(မောင်ကြွယ်စိုး)

b39_12
  အရှေ့ဘက် အရပ်မှာပဲဖြစ်ဖြစ်၊ အနောက်ဘက် အရပ်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်ရှိ ဘယ်အရပ်ဒေသမှာမဆို အာဏာကို အကြွင်းမဲ့ ချုပ်ကိုင်ထားတာ၊ အခြေခံလူ့အခွင့်အရေးတွေ ပိတ်ပင်ထားတာ၊ ပြီးတော့ ခေါင်းဆောင်တွေရဲ့ သြ၀ါဒတွေကို အာဂုံဆောင်ခိုင်းတာ၊ ဆောင်ပုဒ်တွေကို နေရာအနှံ့မှာ ရေးထိုးထားတာတွေအပြင် မိမိတို့ရဲ့ ခေါင်းဆောင်ကြီးဟာ ဘယ်လောက်ကြီးမြတ်ကြောင်း၊ ထူးချွန်ကြောင်း၊ အတွေးအခေါ် အယူအဆ မှန်ကန်ကြောင်း ချီးကျူး ထောပနာပြုတဲ့ စာအုပ်တွေ၊ အသံလွှင့်ချက်တွေ၊ ရုပ်ရှင်တွေ ရိုက်ကူးပြသဖို့အတွက် ရေဒီယို၊ သတင်းစာ နဲ့ရုပ်သံတွေဟာ ၀ါဒဖြန့်ချိဖို့ အကောင်းဆုံးလက်နက် ဖြစ်ခဲ့ပါတယ်။

ချိုးကူသံလေးကြားရဖို့ (လူထုစိန်ဝင်း)


နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

အားလုံးကိုတန်ဖိုးထားပါ.(မောင်တင်ဦး-မြောင်းမြ )

w7_15_09
အားလုံး(All inclusive)

အားလုံးဆိုတဲ့စကားလုံးနဲ့ ဒီဆောင်းပါးကိုစတင်ပါရစေ။ အားလုံးဆိုတာကို ဒီနေရာမှာ သက်ရှိတွေ (လူ တိရစ္ဆာန်၊ သစ်ပင်အားလုံး) သက်မဲ့တွေ(မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ရေ၊ မြေ စကြာဝဠာအဆုံး အားလုံး)၊ သက်ရှိသက်မဲ့မဟုတ်တဲ့ (ဆင်ခြင်တုံတရားနဲ့ သိနားလည်ထားရမယ့်အရာတွေ ဘာသာတရား၊ ယဉ်ကျေးမှု၊ အမှန်တရား၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ တရားဥပဒေ၊ နိုင်ငံတော်၊ ပြည်သူ၊ လူ့အခွင့်အရေးအားလုံး) တို့ကို ခြုံငုံဆိုလိုတာပါ။ ဖော်ပြပါအားလုံးဟာ တစ်စုံတစ်ခုမှ တန်ဖိုးမဲ့နေတာမရှိပါ။ သူ့သက်ဆိုင်ရာ တန်ဖိုးနဲ့သူ တန်ဖိုးရှိနေကြပါတယ်။

ရေအောက်သွားရေယာဉ် စမ်းသပ်မှုကုန်ကျစရိတ်အား ရေကြောင်းပညာတက္ကသိုလ်မှ ပံပိုးပေး

 ရေကြောင်းအင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသားများ၏  ရေအောက်သွားရေယာဉ်နှစ်မျိုးစမ်းသပ်မှု့အတွက် ကုန်ကျစရိတ်များကို ရေကြောင်းပညာတက္ကသိုလ်မှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုးသောင်းပုထိုးတော်ကြီးတွင် အက်ကွဲကြောင်းများဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ် ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်း ပုထိုးတော် ကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

ကိုးသောင်း ပုထိုးတော်ကြီး
ကိုးသောင်း ပုထိုးတော်ကြီး


" အက်ကွဲကြောင်းကြီးတွေ အမြောက်အများ ဖြစ်နေပါတယ်။ ဒါပေမယ့် စိုးရိမ်မှုတော့ သိပ်မရှိသေးဘူး။ ခုလုပ်နေတဲ့ပုံက ဂူနံရံတွေမှာ ရှေးခေတ်မူအတိုင်း ပေါင်းကူးနဲ့ မကာပဲ၊ သစ်တုံးတွေတင်ပြီး အထက်က သံဖြူပြားတွေနဲ့ လုပ်နေတာ တွေ့ရတယ်။ အဲသလိုလုပ်နေတဲ့အားဖြင့် လေတိုက်တဲ့အခါ ပြိုကျပြီ ဂူနံရံတွေဟာ အကွဲကွဲ ပျက်စီးသွားနိုင်ပါ တယ်" ဟု ရှေးဟောင်း သုတေသန ဒုညွှန်ကြားရေးမှူး အငြိမ်းစားလည်း မြောက်ဦး ယဉ်ကျေးမူ ပြတိုက်မှူးဟောင်းလည်း ဖြစ်သော ဦးကျော်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။

၂၀၁၁ ခုနှစ် အတွင်း မန္တလေးခရိုင်တွင် မီးလောင်ကျွမ်းမှု ၈၃ ကြိမ်ရှိခဲ့

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ခုနစ်မြို့နယ်၌ ၂၀၁၁ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုအရေအတွက် စုစုပေါင်း (၈၃)ကြိမ်ရှိခဲ့ပြီး ယခင်နှစ် မီးလောင်ကျွမ်းမှုထက်(၁၅)ကြိမ် လျော့နည်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မီးလောင်မှု နှစ်ချုပ်စာရင်းအရ သိရှိရသည်။  ၂၀၁၁ ခုနှစ်အတွင်း ပေါ့ဆမီး ၅၈ ကြိမ်၊ လျှပ်စစ်ကြောင့် ၈ ကြိမ်၊ မီးဖိုမီးမှ ၆ ကြိမ်၊ရှို့မီး ၂ ကြိမ်နှင့် အလိုအလျောက်လောင်ကျွမ်းမှု ၉ ကြိမ်ဖြင့် စုစုပေါင်း ၈၃ ကြိမ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဓါးစာခံ အီရန်သင်္ဘောသားများ အမေရိကန်ရေတပ် ကယ်တင်

အာရေဗျပင်လယ်ထဲမှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ အီရန် ၁၃ ဦးကို အမေရိကန်ရေတပ် သင်္ဘောတစ်စီးကနေ ကယ်တင်ခဲ့ပါတယ်။ အမေရိကန်ရေတပ်က အီရန် သင်္ဘောသားတွေကို ကယ်တင်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်အစိုးရက ကြိုဆိုတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။