Sunday, 8 January 2012

၂၀၁၁ ခုနှစ် အတွင်း မန္တလေးခရိုင်တွင် မီးလောင်ကျွမ်းမှု ၈၃ ကြိမ်ရှိခဲ့

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ခုနစ်မြို့နယ်၌ ၂၀၁၁ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုအရေအတွက် စုစုပေါင်း (၈၃)ကြိမ်ရှိခဲ့ပြီး ယခင်နှစ် မီးလောင်ကျွမ်းမှုထက်(၁၅)ကြိမ် လျော့နည်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မီးလောင်မှု နှစ်ချုပ်စာရင်းအရ သိရှိရသည်။  ၂၀၁၁ ခုနှစ်အတွင်း ပေါ့ဆမီး ၅၈ ကြိမ်၊ လျှပ်စစ်ကြောင့် ၈ ကြိမ်၊ မီးဖိုမီးမှ ၆ ကြိမ်၊ရှို့မီး ၂ ကြိမ်နှင့် အလိုအလျောက်လောင်ကျွမ်းမှု ၉ ကြိမ်ဖြင့် စုစုပေါင်း ၈၃ ကြိမ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။


ကာလတူနှိုင်းယှဉ်ပါက ၂၀၁၁ ခုနှစ်အတွင်း မီးလောင်မှုမှာ ၂၀၁၀ ပြည့်နှစ်ထက် အကြိမ်ရေလျော့နည်းခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုး နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။၂၂၀၁၁ ခုနှစ်၊ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုများတွင် ချမ်းအေးသာစံ၌ အများဆုံးဖြစ်ပွားခဲ့ပြီး ပုသိမ်ကြီးမြို့နယ်မှာ မီးလောင်ကျွမ်းဖြစ်ပွားမှု မရှိကြောင်း၊ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများသာရှိခဲ့ပြီး လူအသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
By EMG

No comments:

Post a Comment