News And Library
Fresh News And Some Knowledge For You
Monday, 3 December 2012
တရုတ်သည် တရားမ၀င်သစ်ခိုးထုတ်မှုကို အားကောင်းစေသော ကမ္ဘာ့အကြီးဆုံး ပြည်ပမှ သစ်တင်ပို့သူ ဖြစ်လာ
ရန်ကုန်ဆိပ်ကမ်းနှင့် တရုတ်နယ်စပ်သို့ တင်ပို့မည့် သစ်လုံးအကြမ်းထည်များကို မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းအနီးတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်
တရုတ်နိုင်ငံသည် တရားမ၀င်သစ်ခိုးထုတ်မှုကို အားကောင်းစေသော ကမ္ဘာ့အကြီးဆုံး ပြည်ပမှ သစ်တင်ပို့သူ ဖောက်သည်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့သစ်တောများ၏ ကံကြမ္မာသည် တရုတ်လက်တွင်း ကျရောက်နေကြောင်း လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။ ''တရုတ်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး တရားမ၀င်သစ်ထုတ်လုပ်မှု တိုက်ဖျက်ရေးကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မှာပါ။ အခြားသော အဓိကသစ်ဝယ်ယူတဲ့ ဈေးကွက်တွေမှာ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပေမယ့် တရုတ်နိုင်ငံမှာကတော့ ဘေးစည်းပေါ်မှာပဲ ရှိပါသေးတယ်'' ဟု EIA က ပေကျင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်ပမှ သစ်လိုအပ်မှုသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် သုံးဆမြင့်တက်လာခဲ့ပြီး ကုဗယူနစ် သန်း ၁၈၀ ထိ ရောက်ရှိလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်မူ အိုလံပစ်အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် ငှက်သိုက်အားကစားရုံ ဆောက်လုပ်မှုအတွက် အဆ ၆၀ ကျော် လိုအပ်ခဲ့သည်။
တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းသည့် သစ်များ၏ဆယ်ပုံတစ်ပုံမကသည် တရားမ၀င်ရင်းမြစ်များမှ တင်သွင်းခြင်းဖြစ်သည်ဟု ကုန်သွယ်မှုအချက်အလက်နှင့် တရားမ၀င် သစ်ထုတ်လုပ်မှုနှုန်းများအပေါ် အခြေခံပြီး EIA က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်မှာ အငြင်းပွားဖွယ် ခန့်မှန်းချက်ဖြစ်ပြီး လက်တွေ့တွင် ယင်းထက် ပိုမိုမြင့်မားနိုင်ဖွယ်ရှိသည်ဟု EIA က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့သည် တရားမ၀င် သစ်ကုန်သွယ်မှုကို ပိတ်ပင်ရန်အတွင်း ပိုမိုကောင်းမွန်သည့် ဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဂျပန်နှင့် အခြားနိုင်ငံများကလည်း အလားတူဥပဒေများ ထုတ်ပြန်ရန် သုံးသပ်စဉ်းစားနေကြောင်း EIA ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အစိုးရချင်း အတည်ပြုသည့် စီမံချက်တစ်ခုနှင့် ပင်လယ်ရပ်ခြား တရုတ်စီးပွားရေးအတွက် code of conduct ကို အဆိုပြု တင်သွင်းခဲ့သော်လည်း အကောင်အထည်ဖော်မှုကိုမူ အာမခံခဲ့ခြင်း မရှိပေ။
တရားမ၀င် သစ်ထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုများကို ကန့်ကွက်ကြောင်းနှင့် ကမ္ဘာတစ်လွှားရှိ သစ်တောရင်းမြစ်များကို ကာကွယ်မှုများကို တရုတ်နိုင်ငံက လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီက ပြောကြားခဲ့သည်။
Ref;AFP
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment