Monday, 3 December 2012

လက်ပံတောင်းတောင်အရေးကိစ္စနှင့်အဖမ်းခံလိုက်ရသော ကိုမိုးသွေးကို အင်းစိန်ထောင်သို့ပြောင်းရွှေ့ 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်သံယာတော်များကို 
အာဏာပိုင်များဘက်မှ မီးလောင်ဗုံးခွဲကာဖြိုခွဲခဲ့သည် ကို ဆန့်ကျင်ဆန္ဒပြသဖြင့် အဖမ်းဆီးခံလိုက်ရသော ကိုမိုးသွေးအား စီရင်ချက် မချမချင်း ချုပ်နှောင်ထားရန် ပန်းဘဲတန်းတရားရုံးမှ အမိန့်ချမှတ်ပြီး အင်းစိန်ထောင်သို့နေ့လည် ၃ နာရီတွင်ပြောင်းရွှေ့ လိုက်ပြီဖြစ်ကြောင်း သိရသည်။

“တရားစစ်ဆေးနေစဉ်အတွင်းမှာချုပ်ထားဖို့ကို တရားသူကြီးက အမိန့်ချပါတယ်။ အာမခံမပေးပါဘူး” ဟု ကိုမိုးသွေးကပြောကြားသည်။

မြိုံ့ နယ်ရဲစခန်းများမှ တရားလိုပြုကာ တရားစွဲဆိုခြင်းဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းရဲစခန်းများမှ ပုဒ်မ၁၈ ဖြင့်၎င်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗဟန်းမြို့ နယ်တို့မှ ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“စိတ်ဓါတ်မကျပါဘူး ပြည်သူတွေအတွက် အလုပ်လုပ်တာဖြစ်တဲ့အတွက် အချုပ်ကျတာ ထောင်ကျတာမှ မဟုတ်ပါဘူး ကြိုးစင်တက်ဆိုရင်တာင် တက်မှာပါ။ ဘာမှစိတ်ဓါတ်ကျစရာ မရှိပါဘူး၊
ကျန်တဲ့သူတွေကို ဆက်ပြီးတိုက်ပွဲဝင်ပါလို့ပြောချင်ပါတယ်” ဟု ကိုမိုးသွေးက ပန်းဘဲတန်းတရားရုံးမှ အင်းစိန်ထောင်သို့ လွှဲပြောင်းရန်စောင့်ဆိုင်းနေစဉ် မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆုဝေ

အေးချမ်းမွန်မှ  The Myanmar Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Myanmar Age
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်သံယာတော်များကို
အာဏာပိုင်များဘက်မှ မီးလောင်ဗုံးခွဲကာဖြိုခွဲခဲ့သည် ကို ဆန့်ကျင်ဆန္ဒပြသဖြင့် အဖမ်းဆီးခံလိုက်ရသော ကိုမိုးသွေးအား စီရင်ချက် မချမချင်း ချုပ်နှောင်ထားရန် ပန်းဘဲတန်းတရားရုံးမှ အမိန့်ချမှတ်ပြီး အင်းစိန်ထောင်သို့နေ့လည် ၃ နာရီတွင်ပြောင်းရွှေ့ လိုက်ပြီဖြစ်ကြောင်း သိရသည်။

“တရားစစ်ဆေးနေစဉ်အတွင်းမှာချုပ်ထားဖို့ကို တရားသူကြီးက အမိန့်ချပါတယ်။ အာမခံမပေးပါဘူး” ဟု ကိုမိုးသွေးကပြောကြားသည်။

မြိုံ့ နယ်ရဲစခန်းများမှ တရားလိုပြုကာ တရားစွဲဆိုခြင်းဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းရဲစခန်းများမှ ပုဒ်မ၁၈ ဖြင့်၎င်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗဟန်းမြို့ နယ်တို့မှ ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“စိတ်ဓါတ်မကျပါဘူး ပြည်သူတွေအတွက် အလုပ်လုပ်တာဖြစ်တဲ့အတွက် အချုပ်ကျတာ ထောင်ကျတာမှ မဟုတ်ပါဘူး ကြိုးစင်တက်ဆိုရင်တာင် တက်မှာပါ။ ဘာမှစိတ်ဓါတ်ကျစရာ မရှိပါဘူး၊
ကျန်တဲ့သူတွေကို ဆက်ပြီးတိုက်ပွဲဝင်ပါလို့ပြောချင်ပါတယ်” ဟု ကိုမိုးသွေးက ပန်းဘဲတန်းတရားရုံးမှ အင်းစိန်ထောင်သို့ လွှဲပြောင်းရန်စောင့်ဆိုင်းနေစဉ် မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆုဝေ

The Myanmar Age

No comments:

Post a Comment