News And Library
Fresh News And Some Knowledge For You
Sunday, 2 December 2012
၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပိတ်ပွဲအခမ်းအနား
၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယခုနှစ် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးပြိုင်ပွဲ၌ ပထမ တိမ်ဝင်မီး၊ ဒုတိယ ဂုရုမီး၊ တတိယ ပအို့ဝ်း စာပေနှင့် ယဉ်ကျေးမှုမီး၊ စိန်နားပန်ပြိုင်ပွဲတွင် ပထမ- မြောက်ပိုင်းမီး၊ ဒုတိယ ရွှေဓနုမီး၊ တတိယ လင်းယုန်မီး၊ နေ့လွှတ်အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်းပွဲစဉ်တွင် ပထမ ပြိုင်ဘက်မီး၊ ဒုတိယ ဒဒွေးမီး၊ တတိယ စွာကျယ်မီး၊ ခြေလေးချောင်းပွဲစဉ်တွင် ပထမ လုပ်သားမီး၊ ဒုတိယ ရုံးပျော်မီး၊ တတိယ ပွားငယ်မီးတို့က ရရှိသွားပြီး မီးပဒေသာပြိုင်ပွဲတွင် ပထမ ချမ်းမြသာစည်+မြို့မ+ကန်အောက်ရပ်ကွက်အဖွဲ့၊ ဒုတိယ ညောင်ဖြူ+ပြည်တော်သာ+ရတနာသီရိရပ်ကွက်အဖွဲ့၊ တတိယ ရွှေတောင်+လမ်းမတောင်+ ကံသာ+စိန်ပန်းရပ်ကွက်အဖွဲ့
၊ ယခုနှစ်တွင် ပထမဆုံးထည့်သွင်းကျင်းပသော Miss တန်ဆောင်တိုင်ပြိုင်ပွဲတွင် ပထမ ရွှေနန်းစန္ဒီလင်း၊ ဒုတိယ နန်းခေးမွန်၊ တတိယ ခြူးခြူးတို့က ရရှိသွားကြောင်း သိရသည်။ ပိတ်ပွဲအခမ်းအနားတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး ရှမ်းကိန္နရီ၊ ကိန္နရာ၊ တိုးနယား၊ တိုင်းရင်းသားအကများ ကျောင်းသားကျောင်းသူလေးများ၏ သရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ ရောင်စုံမီးပုံးအလုံးငယ် ၁၇၀၀ လုံး၊ ဆုရမီးပုံးပျံအဖွဲ့များ၏ ညမီးကြီး၊ စိန်နားပန်း မီးပုံးပျံများဖြင့် လွှတ်တင်ခဲ့ကြပြီး၊ မီးကျည်၊ မီးရှူး၊ မီးပန်းများပစ်ဖောက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပိတ်ပွဲအခမ်းအနား
၂၀၁၂ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မြို့လုံးကျွတ်ဘုံကထိန်၊ မီးပဒေသာ၊ မီးပုံးပျံပြိုင်ပွဲသို့ ပြည်တွင်းရပ်ဝေး၊ ရပ်နီးဧည့်သည်များ အထူးများပြားစွာ လာရောက်ခဲ့ပြီး နိုင်ငံခြားသား ပြည်ပဧည့်သည်များလည်း ယခင်နှစ်ထက် ပိုမိုလာရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများမှ ရပ်ဝေးဧည့်သည်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းမြို့နယ်များမှ ရပ်နီးဧည့်သည်များ နိုင်ငံခြားသားဧည့်သည်များနှင့် ဒေသခံများ စုစုပေါင်း သိန်းနှင့်ချီ၍ တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment