Saturday, 1 December 2012

မီးလောင်ဒဏ်ရာ ဓာတုလက်နက်ကြောင့်မဟုတ်လို့ မှုခင်းဆရာဝန်ပြောဆို

Photo: မီးလောင်ဒဏ်ရာ ဓာတုလက်နက်ကြောင့်မဟုတ်လို့ မှုခင်းဆရာဝန်ကာကွယ်ပြောဆို

မုံရွာဆေးရုံက မှုခင်းဆရာဝန် ဒေါက်တာဦးဌေးတင်ချစ်က သာမန် မီးလောင်ဒဏ်ရာအပြင် အကွက်လိုက် နက်နက်နဲနဲလောင်တာလေးလဲ တွေ့ရကြောင်း၊ ဒါကလဲ ပူပြီး မီးလောင်နေတဲ့ ပစ္စည်းတွေ ခန္တာကိုယ်နဲ့ ထိရင်။ ဥပမာ နိုင်လွန်လို အင်္ကျီဝတ်ထားရင်၊ ပလတ်စတိတ်လို အစမီးလောင်ပြီး ကိုယ်ပေါ်ကျရင် ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။ 

ဒဏ်ရာကနေ အနံ့အသက်မထွက်သလို စားလောင်စေတဲ့ အက်စစ်လို အယ်ကာလီလို သုံးပြီး ရတဲ့ ဒဏ်ရာမျိုးမဟုတ်ဘူးလို့ သူကပြောပါတယ်။ 
ဒုရဲမှူးကလည်း မလွဲသာမရှောင်သာလို့ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးသုံးပြီး အင်အားအတင့်သင့်သာ သုံးခဲ့တယ်လို့ ဆိုပါတယ်။

MRTV မှာ ပြသွားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မုံရွာ ဆေးရုံ ဆရာဝန်တွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒုရဲမှူးတို့ကို မေးပြီး ပြန်ကြားရေးဝန်ကြီး ၀ဘ်ဆိုဒ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ 

http://www.ministryofinformation.gov.mm/index.php/component/videoflow/?task=visit&cid=63&layout=listview

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
မုံရွာဆေးရုံက မှုခင်းဆရာဝန် ဒေါက်တာဦးဌေးတင်ချစ်က သာမန် မီးလောင်ဒဏ်ရာအပြင် အကွက်လိုက် နက်နက်နဲနဲလောင်တာလေးလဲ တွေ့ရကြောင်း၊ ဒါကလဲ ပူပြီး မီးလောင်နေတဲ့ ပစ္စည်းတွေ ခန္တာကိုယ်နဲ့
ထိရင်။ ဥပမာ နိုင်လွန်လို အင်္ကျီဝတ်ထားရင်၊ ပလတ်စတိတ်လို အစမီးလောင်ပြီး ကိုယ်ပေါ်ကျရင် ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။

ဒဏ်ရာကနေ အနံ့အသက်မထွက်သလို စားလောင်စေတဲ့ အက်စစ်လို အယ်ကာလီလို သုံးပြီး ရတဲ့ ဒဏ်ရာမျိုးမဟုတ်ဘူးလို့ သူကပြောပါတယ်။
ဒုရဲမှူးကလည်း မလွဲသာမရှောင်သာလို့ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးသုံးပြီး အင်အားအတင့်သင့်သာ သုံးခဲ့တယ်လို့ ဆိုပါတယ်။

MRTV မှာ ပြသွားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မုံရွာ ဆေးရုံ ဆရာဝန်တွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒုရဲမှူးတို့ကို မေးပြီး ပြန်ကြားရေးဝန်ကြီး ၀ဘ်ဆိုဒ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ပါ။

http://www.ministryofinformation.gov.mm/index.php/component/videoflow/?task=visit&cid=63&layout=listview

  Burma-Newselite

No comments:

Post a Comment