Friday, 9 November 2012

အိုဘားမား မြန်မာနိုင်ငံတွင် နာရီအနည်းငယ်သာနေမည်

ဝါရှင်တန်၊ နိုဝင်ဘာ - ၉

အမေရိကန်သမ္မတအိုဘားမားသည် ယခုလအတွင်း မြန်မာသို့လာရောက်မည့် ၎င်း၏ ခရီးစဉ်တွင် နာရီအနည်းငယ်သာ နေထိုင်သွားမည်ဖြစ်ပြီး မြန်မာသမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အိမ်ဖြူတော်၏အဆိုအရ သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၇ ရက်တွင်စတင်မည့် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌
အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ပြီး ထိုင်း၊ မြန်မာတို့သို့လည်း သွားရောက်လည်ပတ်မည်ဟု ဆိုသည်။

အိုဘားမားသည်
မြန်မာနိုင်ငံတွင် နာရီအနည်းငယ်ခန့်သာ နေထိုင်သွားမည်ဖြစ်ကာ မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ အရှိန်မြင့်မားရေးအတွက် အမေရိကန် အစိုးရ၏ ထောက်ခံအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းတွင်ဖော်ပြသည်။
7Day News Journal

No comments:

Post a Comment