Saturday, 10 November 2012

လူကြီးမင်းရဲ့ ငါးထောင်တန် ဟန်းဆက် အစီအစဉ် အသစ်

နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်၏ မဟာလျှော့ဈေး အစီအစဉ် ပျက်ပြယ်သွားခဲ့သည့်အတွက် အစီအစဉ်သစ်ဖြင့် ဆက်လက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာလ (၃)ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီးဆိုင်ခွဲများတွင် Samsung Galaxy Miniကို ကျပ်ငါးထောင်ဖြင့် မဲနှိုက် ရောင်းချပေးခဲ့ပြီး ကျန်ရှိနေ
သော ဟန်းဆက်အလုံးရေ (၈၀) ကို နိုဝင်ဘာလ (၁၂) ရက် (တနင်္လာနေ့)တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ မဲနှိုက် ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်များသို့ သွားရောက်ကာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ ဖြည့်စွက်၍ အစီအစဉ်သစ်တွင် ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ၊ မနက် ၉နာရီမှ ညနေ ၅နာရီအတွင်း လူကြီးမင်း ဆိုင်များတွင် ကံစမ်းမဲ ကူပွန်များ သွားရောက် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကံစမ်းမဲ ပေါက်သူများ၏ အမည်စာရင်းများကို ဆိုင်ရှေ့တွင် ကြေညာပေးခြင်း၊ စာနယ်ဇင်းများတွင် ဖော်ပြပေးခြင်းနှင့် တစ်ဦးချင်းစီ ဖုန်းဆက် အကြောင်းကြားခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မှတ်ပုံတင်နံပါတ်များ တူညီနေပါက ပယ်မဲအဖြစ် သတ်မှတ်သွားမည်ဖြစ်သည့်အတွက် လူတစ်ဦးလျှင် ဆိုင်တစ်ဆိုင်တည်းတွင် တစ်ကြိမ်တည်းသာ ကံစမ်းခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Myanmar ICT

No comments:

Post a Comment