Wednesday, 24 October 2012

အစိုးရနှင့် ရွှေလီတွင် တွေ့ဆုံဆွေးနွေးရန် KIO သဘောတူသော်လည်း စစ်ပွဲဖြစ်ပွားမှုပေါ်မူတည်၍ အချိန်သတ်မှတ်မည်




အစိုးရနှင့် ရွှေလီတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အို သဘောတူသော်လည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၏အခြေအနေအပေါ်မူတည်၍ အချိန်သတ်မှတ်သွားမည်ဟု ကေအိုင်အိုတာဝန်ရှိသူများမှ အကြောင်းပြန်ခဲ့ကြောင်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခပရာခွန်အောင်က အောက်တိုဘာလ ၂၄ရက်နေ့တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခပရာခွန်အောင်က''ကျွန်တော်တို့အဖွဲ့ဝင်တွေ လိုင်ဇာကိုသွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ဖို့ စီစဉ်တဲ့အခါမှာ ကေအိုင်အိုဘက်က အချက် ၃ ချက် ပြောကြားတာရှိပါတယ်။
(၁) အချက်က အစိုးရကမ်းလှမ်းတာကို သဘောတူတယ်။(၂)အချက်က အစိုးရကမ်းလှမ်းတဲ့အထဲမှာ နေရာကမူဆယ်(သို့မဟုတ်)ရွှေလီ ဆိုပြီးပါတယ်။ အဲဒီနှစ်နေရာအနက်က ရွှေလီကို သဘောတူတယ်။(၃)အချက်က တွေ့ဆုံမယ့်အချက်ကိုတော့ ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ အရှိန်ကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်။တွေ့ဆုံမယ့်အချိန်ကို ဆုံးဖြတ်ပြီးရင်လည်း ဦးအောင်မင်းတို့ဆီကို တိုက်ရိုက်အကြောင်းပြန်မယ်ဆိုပြီး ပြောပါတယ်''ဟု ပြောကြားခဲ့သည်။
ယခုအကြိမ်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော်အကြီးအကဲများနှင့် KIA အကြီးအ ကဲများ ပါဝင်ဆွေးနွေးကြဖြစ်မည်ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment