News And Library
Fresh News And Some Knowledge For You
Sunday, 14 October 2012
KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်မတော် အကြီးအကဲများနှင့် KIA အကြီးအကဲများ ပါဝင်ဆွေးနွေးမည်ဟု သိရ
အစိုးရမှ ထပ်မံကမ်းလှမ်းထား သည့် KIOနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော်အကြီးအကဲများနှင့် KIA အကြီး အကဲများပါဝင်ဆွေးနွေးရန်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက် ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုးရမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုများပြုလုပ်ထားပြီး အဆိုပါအစိုးရ၏ ကမ်းလှမ်းမှုကို KIO ဘက်မှ လက်ခံရရှိကြောင်း၊ ကမ်းလှမ်းချက်ကို အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက် နေ့တွင် ပြန်လည်အကြောင်းပြန်ထားသည်ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။
တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား မေလ၂၉ ရက်နေ့က တွေ့ရစဉ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက''အစိုးရဘက်က ပြီးခဲ့တဲ့လမှာ တစ်ကြိမ် KIO နဲ့တွေဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုအတွက် နေရာက မူဆယ်(သို့) နေပြည်တော်ဖြစ်ပါတယ်။ အဲဒီအခါမှာ KIO ဘက်က အခုလိုတိုက်ပွဲပြင်းထန်နေချိန် နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။အခုတစ်ခေါက် အစိုးရဘက်ကကမ်းလှမ်းလာတာက မူဆယ်(သို့)ရွှေလီမှာ တွေ့ဖို့ ကမ်းလှမ်းတာပါ။ ကျွန်တော်တို့ကို မိုင်ဂျာယန်မှာလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးအောင်မင်းက တပ်မတော်အကြီးအကဲတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ ပြောထားပါတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ တပ်မတော်အကြီးအကဲတွေရော၊KIA ဘက်က အကြီးအကဲတွေရော ဆွေးနွေးပွဲမှာ ပါဝင်ကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဒီလအတွင်း ဆွေးနွေးပွဲလုပ်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်'' ဟု ပြောကြားခဲ့သည်။
အဓိက က တပ်မတော်က တာဝန်ရှိသူတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေတွေ့ဆုံ ဆွေးနွေးဖို့လိုပါတယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက''အဖွဲ့အစည်းအချင်းချင်း စားပွဲခုံပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ အောက်ခြေမှာကတိုက်ပွဲက မရပ်ဘူး။ အစိုးရကပြောတဲ့ ခံစစ်အသွင်ပဲနေမယ်။ ထိုးစစ်မဆင်ဘူးဆိုတဲ့ အနေအထားကမဖြစ်နိုင်တဲ့ အနေအထားပါ။ဘယ်သူမဆိုတွေ့ရင်တော့ အရင်ဦးအောင်ပစ်ကြမှာပဲ။ အဲလိုနဲ့ တိုက်ပွဲတွေမရပ်ဘူးဖြစ်နေတာ။ အဓိက က တပ်မတော်က တာဝန်ရှိသူတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေတွေ့ဆုံ ဆွေးနွေးဖို့လိုပါတယ်။ အဓိကက တိုက်ပွဲကို ရပ်နိုင်အောင် အမိန့်ပေးနိုင်သူတွေ တွေ့ဆုံနိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment