Thursday, 25 October 2012

့မြန်မာပြည် အကြွေးဘယ်လောက် ရှိလဲ


Photo:့ မြန်မာပြည် အကြွေးဘယ်လောက် ရှိလဲ

THURSDAY, OCTOBER 25, 2012  အိမ့်သံစဉ်  

နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးများမှာ ယမန်နေ့က မြန်မာနိုင်ငံမှာ သူတပါး ကို ပေးရန် ရှိတဲ့ ကြွေးမြီ ဘယ်လောက်ရှိသလဲ၊ လည်ပတ်နေတဲ့ ငွေကြေး ဘယ်လောက် ရှိလဲ ဆို တဲ့ မေးခွန်းတခုကို မင်းလှ မဲဆန္ဒနယ်က ဦးမောင်တိုးက မေးမြန်းခဲ့ပါတယ်။ 

ဒီအခါမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြန်လည်ဖြေကြားရာ မှာ ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၀၈၉.၄၃၄ ရှိပြီး ပြည်တွင်း ကြွေးမြီ ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် လည်ပတ်ငွေ စုစုပေါင်းကိုတော့ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂. ၉၅ ဖြစ်တယ်လို့ ဆို ပြီး နိုင်ငံခြား အရံငွေကြေးနဲ့ ရွှေတန်ဖိုးတွေကိုတော့ စိစစ်ပြီး သီးခြား ဖြေဆိုမယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။ 

တချိန်က မြန်မာ စကားပုံတခုရှိပါတယ်။ ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ် ဆိုတာပါ။ အခုတော့ နိုင်ငံမှာ အကြွေးတွေ အလွန်များတာကိုတော့ နိုင်ငံသား တဦးချင်းစီနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံက ပြန်ဆပ်ကြရမှာပါ။ 

နိုင်ငံတိုင်း ကြွေးမြီဆိုတာ ရှိကြပေမယ့် မြန်မာနိုင်ငံက ကြွေးမြီများရခြင်းတွေမှာ တခြားနိုင်ငံတွေနဲ့ မတူတဲ့ အကြောင်းရင်းတွေက ရှိမယ်ဆိုတာ အသေအချာပါ။  

အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီသတင်း
နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးများမှာ ယမန်နေ့က မြန်မာနိုင်ငံမှာ သူတပါး ကို ပေးရန် ရှိတဲ့ ကြွေးမြီ ဘယ်လောက်ရှိသလဲ၊ လည်ပတ်နေတဲ့ ငွေကြေး ဘယ်လောက် ရှိလဲ ဆု
ိ တဲ့ မေးခွန်းတခုကို မင်းလှ မဲဆန္ဒနယ်က ဦးမောင်တိုးက မေးမြန်းခဲ့ပါတယ်။

ဒီအခါမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြန်လည်ဖြေကြားရာ မှာ ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၀၈၉.၄၃၄ ရှိပြီး ပြည်တွင်း ကြွေးမြီ ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် လည်ပတ်ငွေ စုစုပေါင်းကိုတော့ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂. ၉၅ ဖြစ်တယ်လို့ ဆို ပြီး နိုင်ငံခြား အရံငွေကြေးနဲ့ ရွှေတန်ဖိုးတွေကိုတော့ စိစစ်ပြီး သီးခြား ဖြေဆိုမယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။

တချိန်က မြန်မာ စကားပုံတခုရှိပါတယ်။ ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ် ဆိုတာပါ။ အခုတော့ နိုင်ငံမှာ အကြွေးတွေ အလွန်များတာကိုတော့ နိုင်ငံသား တဦးချင်းစီနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံက ပြန်ဆပ်ကြရမှာပါ။

နိုင်ငံတိုင်း ကြွေးမြီဆိုတာ ရှိကြပေမယ့် မြန်မာနိုင်ငံက ကြွေးမြီများရခြင်းတွေမှာ တခြားနိုင်ငံတွေနဲ့ မတူတဲ့ အကြောင်းရင်းတွေက ရှိမယ်ဆိုတာ အသေအချာပါ။

ဧရာဝတီသတင်း

No comments:

Post a Comment