Sunday, 14 October 2012

မွမ်ဘိုင်းရှိ ကမ္ဘာ့ဝိပဿနာစေတီတော်ကြီးတွင် မြန်မာမှုလက်ဆောင် ပစ္စည်းဆိုင်များ ဖွင့်လှစ်မည်

Photo: မွမ်ဘိုင်းရှိ ကမ္ဘာ့ဝိပဿနာစေတီတော်ကြီးတွင် မြန်မာမှုလက်ဆောင် ပစ္စည်းဆိုင်များ ဖွင့်လှစ်မည်		

SUNDAY, 14 OCTOBER 2012 14:31

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ ရွှေတိဂုံပုံစံတူဆောက်လုပ်ထားသည့် ကမ္ဘာ့ဝိပဿနာစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းတွင် မြန်မာမှုလက်ရာပစ္စည်းများ ရောင်းချသောဆိုင်ခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''စေတီတော်ကြီးတည်ဆောက်မှုတွေက ရာနှုန်းပြည့်ပြီးစီးသွားပါပြီ။ ဘက်စုံတည်ဆောက်ရေးနဲ့ စေတီတော်ဝန်းကျင်သာယာလှပရေးတွေကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။ စေတီတော်ကြီးပြီးသွားပြီဖြစ်လို့ ဘုံဘေကနေ စေတီတော်ကြီးဆီကို ကားနဲ့ လာတဲ့သူတွေ တက်တဲ့အနောက်ဘက်စောင်းတန်းမှာ ဈေးဆိုင်ခန်းတွေဖွင့်မယ်။ အဲဒီဈေးဆိုင်ခန်းတွေမှာ မြန်မာမှုလက်ရာပစ္စည်းတွေချည်းပဲရောင်းမှာပါ။ ပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံကနေပဲ တင်ပို့မှာပါ။ မြန်မာမှုပစ္စည်းတွေ သီးသန့် ရောင်းတာက ဗုဒ္ဓသာသနာကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဂုဏ်ပြုမှုတစ်ခုအဖြစ် စေတီတော်ကြီးကို လာရောက်လည်ပတ်မယ့် နိုင်ငံတကာကလူတွေကို မြန်မာနဲ့မိတ်ဆက်ပေးနိုင်ဖို့ပါ။ ဒီဆိုင်ခန်းတွေက ရတဲ့အကျိုးအမြတ်ကိုလည်း စေတီ တော်ကြီးရဲ့ရန်ပုံငွေအဖြစ် ထားရှိသွားမှာပါ''ဟု အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့မှ နာယကဦးရွှေက ပြောကြားသည်။ayechanmon.fil14

ကမ္ဘာ့ဝိပဿနာစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းတွင် ကြေးမောင်း၊ ကြေးစည်၊ ယွန်းထည်၊ ချည်ထည်၊ ရွှေချည်၊ ငွေချည် ထိုးစသည့် ပစ္စည်းများကို မြန်မာနိုင်ငံမှ တင်သွင်းရောင်းချမည်ဖြစ်သည်။

မူရင်းသတင်း-- Eleven Media Group
Post By : အေးချမ်းမွန်
SUNDAY, 14 OCTOBER 2012 14:31

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ ရွှေတိဂုံပုံစံတူဆောက်လုပ်ထားသည့် ကမ္ဘာ့ဝိပဿနာစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းတွင် မြန်မာမှုလ
က်ရာပစ္စည်းများ ရောင်းချသောဆိုင်ခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''စေတီတော်ကြီးတည်ဆောက်မှုတွေက ရာနှုန်းပြည့်ပြီးစီးသွားပါပြီ။ ဘက်စုံတည်ဆောက်ရေးနဲ့ စေတီတော်ဝန်းကျင်သာယာလှပရေးတွေကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။ စေတီတော်ကြီးပြီးသွားပြီဖြစ်လို့ ဘုံဘေကနေ စေတီတော်ကြီးဆီကို ကားနဲ့ လာတဲ့သူတွေ တက်တဲ့အနောက်ဘက်စောင်းတန်းမှာ ဈေးဆိုင်ခန်းတွေဖွင့်မယ်။ အဲဒီဈေးဆိုင်ခန်းတွေမှာ မြန်မာမှုလက်ရာပစ္စည်းတွေချည်းပဲရောင်းမှာပါ။ ပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံကနေပဲ တင်ပို့မှာပါ။ မြန်မာမှုပစ္စည်းတွေ သီးသန့် ရောင်းတာက ဗုဒ္ဓသာသနာကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဂုဏ်ပြုမှုတစ်ခုအဖြစ် စေတီတော်ကြီးကို လာရောက်လည်ပတ်မယ့် နိုင်ငံတကာကလူတွေကို မြန်မာနဲ့မိတ်ဆက်ပေးနိုင်ဖို့ပါ။ ဒီဆိုင်ခန်းတွေက ရတဲ့အကျိုးအမြတ်ကိုလည်း စေတီ တော်ကြီးရဲ့ရန်ပုံငွေအဖြစ် ထားရှိသွားမှာပါ''ဟု အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့မှ နာယကဦးရွှေက ပြောကြားသည်။
ကမ္ဘာ့ဝိပဿနာစေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းတွင် ကြေးမောင်း၊ ကြေးစည်၊ ယွန်းထည်၊ ချည်ထည်၊ ရွှေချည်၊ ငွေချည် ထိုးစသည့် ပစ္စည်းများကို မြန်မာနိုင်ငံမှ တင်သွင်းရောင်းချမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment