Sunday, 21 October 2012

မိခင် ဆူပူ ကြိမ်းမောင်း သဖြင့် စတုတ္ထတန်း ကျောင်းသူလေး ပိုးသတ်ဆေး သောက်သေဆုံး

ဇေယျဝတီ အောက်တိုဘာ ၁၈
ဖြူးမြို့နယ် ဇေယျဝတီမြို့ အမဲခေါင် ကျေးရွာအုပ်စု၊ စွန်သိုက် ကျေးရွာနေ စတုတ္ထတန်း ကျောင်းသူ မစူးရေးခါး ၁၃နှစ် (ဘ)ဦးဟာရီ ဆံတား၊ စွန်သိုက် ကျေးရွာ အခြေခံ ပညာ မူလတန်း ကျောင်း(ခွဲ)သည် မတ်ပဲပိုးသတ် ဆေးပြားသောက်၍ ဇေယျဝတီ ဆေးရုံ တွင် ရောက်ရှိ နေကြောင်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက သတင်း ရရှိသဖြင့် ဇေယျဝတီမြို့ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ထွန်းသန်းနှင့် အဖွဲ့သည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မစူးရေးခါး တွင်ပြင်ပ ဒဏ်ရာ မတွေ့ရှိဘဲ ပါးစပ်မှ ပိုး သတ်ဆေး အနံ့ ရကာ သတိ မေ့နေလျက် တွေ့ရှိရပြီး တောင်ငူ ဆေးရုံသို့ သယ်ဆောင်စဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မစူးရေး ခါးသည် ယင်းနေ့ နံနက် ၁၁ နာရီ ရွာထဲသို့ သွားရောက်ပြီး ပြန်လာရာ မိခင် ဖြစ်သူက ဆူပူကြိမ်း မောင်း၍ ၁၅ မိနစ်ခန့် အကြာတွင် မစူးရေးခါး ကမတ်ပဲ ပိုးသတ် ဆေး သောက်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဇေယျဝတီ ရဲတပ်ဖွဲ့ စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၂ဝ၁၂ဖြင့်  အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်း သတင်း ရရှိ သည်
Myawaddy News

No comments:

Post a Comment