Monday, 15 October 2012

မြောင်းမြမြို့နယ်၌ ရှော့ခ်ရိုက် ငါးဖမ်းသူ ဓာတ်လိုက် သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ် ကုန်းကြီးရွာ အရှေ့ဘက် ဧရာချောင်း အတွင်း၌ အောက်တိုဘာ ၁ဝ ရက် ညပိုင်းက ဝါယာ ရှော့ခ်ရိုက် ငါးဖမ်းစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ဝ ရက် ည ၈ နာရီက မြောင်းမြ မြို့နယ် အပြင် လေးဘက်ရွာ အုပ်ချုပ် ရေးမှူး ဦးချစ်ကိုကို က ကုန်းကြီးရွာ အရှေ့ဘက် ဧရာခေ
ျာင်း အတွင်း လူတစ်ယောက် ရေနစ် သေဆုံးကြောင်း သတင်းပို့ သဖြင့် မြောင်းမြ ရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲအုပ် မောင်မောင်စိုးနှင့် အဖွဲ့သည် သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ညီညီအောင် (ခ)ကုလား ၂၇ နှစ် (ဘ)ဦးမောင်ထွန်း၊ ကုန်းကြီးရွာ မြောင်းမြ မြို့နယ် နေသူဖြစ်ပြီး ဧရာချောင်း အတွင်း ငါးများအား ဝါယာ ရှော့ခ်ရိုက် ဖမ်းစဉ် လျှပ်စစ် ဓာတ်လိုက်ပြီး ရေထဲ၌ သေဆုံး နေကြောင်း တွေ့ရသည်။
ဖြစ်စဉ်တွင် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် အောက်တိုဘာ ၁၁ ရက် နံနက် ၁ဝ နာရီက ဒုတိယ ရဲအုပ် မောင်မောင်စိုး ၏ တိုင်တန်းချက် အရ မြောင်းမြ ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၂ဝ/၁၂ ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

  မြ၀တီသတင်း

No comments:

Post a Comment