Saturday, 6 October 2012
အ.မ.က(၁၆)ဆန္ဒထုတ်ဖော်သူများ တရားရင်ဆိုင်ရသည့်ကိစ္စ လမ်းပြကြယ်က အမှုလိုက်ပေးမည်
Photo: အ.မ.က(၁၆)ဆန္ဒထုတ်ဖော်သူများ တရားရင်ဆိုင်ရသည့်ကိစ္စ လမ်းပြကြယ်က အမှုလိုက်ပေးမည်
ယမင်း(မြစ်မခ)
လှိုင်သာယာမြို့နယ် အ.မ.က (၁၆) မူလတန်းကျောင်းရှေ့မျက်နှာသာရှိ ကျူးကျော်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်သူများ၏ တရားရင်ဆိုင်နေရမှုအား လမ်းပြကြယ်ဦးဝင်းမြင့်မှ အမှုအတွက် ပထမဆုံးအနေဖြင့် အမှုလိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
“ဥပဒေအရတော့ လွတ်အောင်ကြိုးစားမယ်။ အခုတရားခံတွေကလည်း သူတို့ဆန္ဒထုတ်ဖော်တယ် ဆိုတာက သူတို့ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ။ ကျောင်းသားကလေးတွေကောင်းစားရေး၊ ရပ်ရွာ အကျိုးကောင်းစားရေးအတွက် လုပ်ခဲ့တာပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အများအကျိုးအတွက် လုပ်ဆောင်ရင်း ဒုက္ခရောက်နေကြရတဲ့သူတွေအတွက် ကာကွယ်ပေးမယ့်ရှေ့နေတွေလည်း လိုအပ်နေပါတယ်” ဟု လမ်းပြကြယ်ဦးဝင်းမြင့်က ပြောသည်။  
 အဆိုပါကျောင်းတွင်း ကျောင်းသား/သူ ဦးရေ (၈၀၀)ကျော်ရှိပြီး ကျောင်းရှေ့မျက်နှာသာ ကျူးကျော် ဆိုင်ခန်းပေါင်း (၂၃)ခန်းရှိပြီး ဆိုင်ခန်းများပြောင်းရွှေ့ပေးရန် ကျောင်းသားမိဘများမှ ဇွန်လ (၁၅)ရက် နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 
 ဆန္ဒထုတ်ဖော်မူတွင်ပါဝင်ခဲ့သူများထံမှ (၆)ဦးအား  မြို့နယ်ငြိမ်ဝပ်ပိပြားမှု ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးမှုဥပဒေပုဒ်မ(၁၄၃/၁၄၅) အရ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုထားကြောင်း သိရ သည်။ 
 “ အဲမှာနေတဲ့ ဆိုင်ခန်းတွေက အိမ်သာဆိုလဲ ကျောင်းဝင်းထဲ၊ ရေထဲ၊ အ၀တ်ဆိုလည်း ကျောင်းဝင်း နံရံတွေ ပေါ်လှမ်းကြတယ်  ။ မြောင်းတွေ ပိတ်ဆို့လာတော့ ရေတက်လာတယ်ဆိုရင် ကလေးတွေက ညစ်ညမ်းတဲ့ရေတွေထဲကနေ ကျောင်းတက်ရတယ်။ အနံ့အသက်ကလည်း ကလေးတွေအတွက် ထိခိုက်မှုတွရှိလာနိုင်တဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ"ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဦးထွန်းနိုင်က ပြောသည်။  
ကျောင်းကြိုပို့ယာဉ်များ(ဆိုက္ကား၊စက်ဘီး)မှာလည်း ၄င်းဆိုင်ခန်းများကြောင့် ရပ်နားရန် အခက်အခဲ များရှိခြင်း ကြုံတွေ့နေရပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ(၁၈၀၀)ခန့် မှ သက်ဆိုင်ရာများ သို့ ဆိုင်ခန်းများဖယ်ရှားပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
 “သူတို့တွေက ခွေးတွေပါမွေးထားတော့ ကျောင်းက ကလေးတွေကို ကိုက်မိတာ(၃/၄)ခါရှိပြီ။ ရေဆိုးရေညစ်တွေ ထဲကို   ဖြစ်လျှောက်နေရတဲ့ကလေးတွေဆိုလည်း ၀ဲတွေပေါက်လာတယ်။ သမ္မတကြီးဆီထိ တိုင်စာတွေ(၄)ကြိမ်လောက်ပို့ပေးပါပြီ။ အခုချိန်ထိဒီအတိုင်းပါပဲ” ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဒေါ်ချိုချိုမြင့်က ပြောသည်။  
အဆိုပါတရားစွဲဆိုခံရပြီး အမှုရင်ဆိုင်ရန် အကျိုးဆောင်ရှေ့နေများငှားရမ်းရင်ဆိုင်နိုင်မူ မရှိခဲ့ခြင်း ကြောင့်  ဥပဒေအဖွဲ့အစည်းများ  ၊ ရှေ့နေများထံသို့ တင်ပြတောင်းဆိုခဲ့ကြသော်လည်း တစ်စုံတရာမျှ ဆောင်ရွက်ပေးမှု မရှိခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်သူများက ကြုံတွေ့ခဲ့ရမူများအားပြောဆိုသည်။
News from : Myit Makha Mediagroup
Post By : Aye Chan Mon
လှိုင်သာယာမြို့နယ် အ.မ.က (၁၆) မူလတန်းကျောင်းရှေ့မျက်နှာသာရှိ ကျူးကျော်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်သူများ၏ တရားရင်ဆိုင်နေရမှုအား လမ်းပြကြယ်
ဦးဝင်းမြင့်မှ အမှုအတွက် ပထမဆုံးအနေဖြင့် အမှုလိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဥပဒေအရတော့ လွတ်အောင်ကြိုးစားမယ်။ အခုတရားခံတွေကလည်း သူတို့ဆန္ဒထုတ်ဖော်တယ် ဆိုတာက သူတို့ကိုယ်ကျိုးအတွက်မှ မဟုတ်ပဲ။ ကျောင်းသားကလေးတွေကောင်းစားရေး၊ ရပ်ရွာ အကျိုးကောင်းစားရေးအတွက် လုပ်ခဲ့တာပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အများအကျိုးအတွက် လုပ်ဆောင်ရင်း ဒုက္ခရောက်နေကြရတဲ့သူတွေအတွက် ကာကွယ်ပေးမယ့်ရှေ့နေတွေလည်း လိုအပ်နေပါတယ်” ဟု လမ်းပြကြယ်ဦးဝင်းမြင့်က ပြောသည်။
အဆိုပါကျောင်းတွင်း ကျောင်းသား/သူ ဦးရေ (၈၀၀)ကျော်ရှိပြီး ကျောင်းရှေ့မျက်နှာသာ ကျူးကျော် ဆိုင်ခန်းပေါင်း (၂၃)ခန်းရှိပြီး ဆိုင်ခန်းများပြောင်းရွှေ့ပေးရန် ကျောင်းသားမိဘများမှ ဇွန်လ (၁၅)ရက် နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မူတွင်ပါဝင်ခဲ့သူများထံမှ (၆)ဦးအား မြို့နယ်ငြိမ်ဝပ်ပိပြားမှု ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးမှုဥပဒေပုဒ်မ(၁၄၃/၁၄၅) အရ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုထားကြောင်း သိရ သည်။
“ အဲမှာနေတဲ့ ဆိုင်ခန်းတွေက အိမ်သာဆိုလဲ ကျောင်းဝင်းထဲ၊ ရေထဲ၊ အ၀တ်ဆိုလည်း ကျောင်းဝင်း နံရံတွေ ပေါ်လှမ်းကြတယ် ။ မြောင်းတွေ ပိတ်ဆို့လာတော့ ရေတက်လာတယ်ဆိုရင် ကလေးတွေက ညစ်ညမ်းတဲ့ရေတွေထဲကနေ ကျောင်းတက်ရတယ်။ အနံ့အသက်ကလည်း ကလေးတွေအတွက် ထိခိုက်မှုတွရှိလာနိုင်တဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ"ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဦးထွန်းနိုင်က ပြောသည်။
၎င်းကျူးကျော်ဆိုင်ခန်းများသည် အိမ်သာ မရှိခြင်း၊ ခွေးများမွေးမြူထားခြင်း၊ ရေစီးရေလာမြောင်းများ သို့ အညစ်အကြေးများ စွန့်ပစ်ခြင်း၊ ကျောင်းခြံစည်းရိုး၌ ထမိန်များလှန်းထားခြင်းတို့ကြောင့် ရေဆိုး ရေညစ်များကို ဖြတ်သန်းသွားလာနေ ရသော ကျောင်းသားကလေးများအတွက် ကျန်းမာရေးထိခိုက်မှု များ ရှိနေကြောင်းကိုလည်း သိရသည်။
ကျောင်းကြိုပို့ယာဉ်များ(ဆိုက္ကား၊စက်ဘီး)မှာလည်း ၄င်းဆိုင်ခန်းများကြောင့် ရပ်နားရန် အခက်အခဲ များရှိခြင်း ကြုံတွေ့နေရပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ(၁၈၀၀)ခန့် မှ သက်ဆိုင်ရာများ သို့ ဆိုင်ခန်းများဖယ်ရှားပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
“သူတို့တွေက ခွေးတွေပါမွေးထားတော့ ကျောင်းက ကလေးတွေကို ကိုက်မိတာ(၃/၄)ခါရှိပြီ။ ရေဆိုးရေညစ်တွေ ထဲကို ဖြစ်လျှောက်နေရတဲ့ကလေးတွေဆိုလည်း ၀ဲတွေပေါက်လာတယ်။ သမ္မတကြီးဆီထိ တိုင်စာတွေ(၄)ကြိမ်လောက်ပို့ပေးပါပြီ။ အခုချိန်ထိဒီအတိုင်းပါပဲ” ဟု ဆန္ဒထုတ်ဖော်ရာမှ အမှုရင်ဆိုင်နေရသူ ဒေါ်ချိုချိုမြင့်က ပြောသည်။
အဆိုပါတရားစွဲဆိုခံရပြီး အမှုရင်ဆိုင်ရန် အကျိုးဆောင်ရှေ့နေများငှားရမ်းရင်ဆိုင်နိုင်မူ မရှိခဲ့ခြင်း ကြောင့် ဥပဒေအဖွဲ့အစည်းများ ၊ ရှေ့နေများထံသို့ တင်ပြတောင်းဆိုခဲ့ကြသော်လည်း တစ်စုံတရာမျှ ဆောင်ရွက်ပေးမှု မရှိခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်သူများက ကြုံတွေ့ခဲ့ရမူများအားပြောဆိုသည်။
Myit Makha Mediagroup
No comments:
Post a Comment