Thursday, 25 October 2012

လူသားများကဲ့သို့ ဝေလငါးငယ်များစကားပြောနိုင်ပြီလား

Photo: လူသားများကဲ့သို့ ဝေလငါးငယ်များစကားပြောနိုင်ပြီလား

ဝေလငါးငယ်များသည် လူသားများ၏ စကားပြောသံကို အတုယူ၍ လူသားတို့နှင့်စကားပြောဆက် သွယ်မှုပြုရန် ကြိုးပမ်းလျက်ရှိသည်ဟု သိပံ္ပပညာရှင်များက ပြောကြားထား သည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စု ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ ရေကြောင်း သုတေသနဌာနအတွင်းရှိ ရေကန်တစ်ခု အတွင်း၌ ရေငုပ်သမားတစ်ဦးသည် ရေငုပ်နေစဉ် "out" (ထွက်သွား) ဟူသော စကားသံကို အကြိမ်ပေါင်း များစွာ သိသိသာသာကြားရသည့်အတွက် ထိတ်လန့်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ အဆိုပါ ရေကန်အနီး တစ်ဝိုက်တွင် အသံဖမ်းစက်များကို တာဝန်ရှိသူများက တပ်ဆင်ခဲ့ပြီး လေ့လာခဲ့ကြသည်။

၎င်း ရေငုပ်သမားသည် ရေပြင်ပေါ်သို့ပြန်လည် ရောက်ရှိလာသည့်အခါတွင် ၎င်းအား''ထွက်သွား''ဟု ဝေလငါးတစ် ကောင်က ပြောဆိုနေသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ "out" ဟူသော စကားသံမှာ ဝေလငါးတစ်ကောင်က လူသားများ၏ အသံကိုအတုခိုး၍ လူသားများနှင့် ဆက်သွယ်မှုပြုရန် တဖြည်းဖြည်းကြိုး ပမ်းလျက်ရှိခြင်းဖြစ်နိုင်သည်ဟု သိပံ္ပပညာရှင်များက အခိုင်အမာ ပြောကြား ထားသည်။

အလားတူပင် အဆိုပါ သုတေသန ဌာနမှအခြားဝန်ထမ်း တစ်ဦးကလည်း လူနှစ်ဦးစကားပြောနေသော ဆူဆူ ညံညံ အသံမျိုးအဝေးမှကြားခဲ့ရသည် ဟု ထုတ်ဖော်ပြောကြားထားသည်။

ယခုအခါ beluga အဖြူရောင် ဝေလငါးငယ်တစ်မျိုးသည် လူသားများ၏ စကားသံများတဖြည်းဖြည်း အတုယူ၍ ပြောဆိုလျက်ရှိသည်ဟု ကျွမ်းကျင်သူများက လက်ခံယူဆထား ကြောင်း သိရသည်။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဝေလငါးငယ်များသည် လူသားများ၏ စကားပြောသံကို အတုယူ၍ လူသားတို့နှင့်စကားပြောဆက် သွယ်မှုပြုရန် ကြိုးပမ်းလျက်ရှိသည်ဟု သိပံ္ပပညာရှင်များက ပြောကြားထား သည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စု ကယ်လီ ဖိုးန
ီးယားပြည်နယ်ရှိ ရေကြောင်း သုတေသနဌာနအတွင်းရှိ ရေကန်တစ်ခု အတွင်း၌ ရေငုပ်သမားတစ်ဦးသည် ရေငုပ်နေစဉ် "out" (ထွက်သွား) ဟူသော စကားသံကို အကြိမ်ပေါင်း များစွာ သိသိသာသာကြားရသည့်အတွက် ထိတ်လန့်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ အဆိုပါ ရေကန်အနီး တစ်ဝိုက်တွင် အသံဖမ်းစက်များကို တာဝန်ရှိသူများက တပ်ဆင်ခဲ့ပြီး လေ့လာခဲ့ကြသည်။

၎င်း ရေငုပ်သမားသည် ရေပြင်ပေါ်သို့ပြန်လည် ရောက်ရှိလာသည့်အခါတွင် ၎င်းအား''ထွက်သွား''ဟု ဝေလငါးတစ် ကောင်က ပြောဆိုနေသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ "out" ဟူသော စကားသံမှာ ဝေလငါးတစ်ကောင်က လူသားများ၏ အသံကိုအတုခိုး၍ လူသားများနှင့် ဆက်သွယ်မှုပြုရန် တဖြည်းဖြည်းကြိုး ပမ်းလျက်ရှိခြင်းဖြစ်နိုင်သည်ဟု သိပံ္ပပညာရှင်များက အခိုင်အမာ ပြောကြား ထားသည်။

အလားတူပင် အဆိုပါ သုတေသန ဌာနမှအခြားဝန်ထမ်း တစ်ဦးကလည်း လူနှစ်ဦးစကားပြောနေသော ဆူဆူ ညံညံ အသံမျိုးအဝေးမှကြားခဲ့ရသည် ဟု ထုတ်ဖော်ပြောကြားထားသည်။

ယခုအခါ beluga အဖြူရောင် ဝေလငါးငယ်တစ်မျိုးသည် လူသားများ၏ စကားသံများတဖြည်းဖြည်း အတုယူ၍ ပြောဆိုလျက်ရှိသည်ဟု ကျွမ်းကျင်သူများက လက်ခံယူဆထား ကြောင်း သိရသည်။

  မြ၀တီ

No comments:

Post a Comment