Sunday, 7 October 2012

မြန်မာ သင်္ဘောသားများ ပါဝင်သည့် သင်္ဘော မီးလောင်

Photo: မြန်မာ သင်္ဘောသားများ ပါဝင်သည့် သင်္ဘော မီးလောင်

06 OCTOBER 2012 

မြန်မာလူမျိုး သင်္ဘောသား နှစ်ဦးပါဝင်သည့် ကုန်တင် သင်္ဘောတစ်စီး
ယနေ့ နံနက်ပိုင်းက မီးသင့်လောင် ကျွမ်းခဲ့သည်။ ကမ္ဘောဒီးယားအလံ လွှင့်ထူထားသည့် အဆိုပါ ကုန်တင် သင်္ဘောဝယ် သင်္ဘောသား (၉)ဦး ပါဝင်သည့် အနက် (၇)ဦးမှာ တရုတ် လူမျိုး များဖြစ်ပြီး ကျန်(၂)ဦး မှာ မြန်မာလူမျိုးများဖြစ် ကြသည်။အဆိုပါ သင်္ဘောသည် ဂျပန်နိုင်ငံ အနောက်တောင်ဖက် ကီတာကျူးရှုး ကမ်းခြေ အနီးတွင် မီးလောင်ခဲ့ သဖြင့် မီးသတ်သင်္ဘောများဖြင့် မီးကိုငြိမ်း သတ်ခဲ့ရသဖြင့် မီးလောင်ပြီး မကြာမီတွင်ပင် မီးငြိမ်းသွားခဲ့ရာ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရ သည်။ပျက်စီးဆုံးရှုံးမှု ကိုမူ တရားဝင်ထုတ်ပြန် ကြေညာခြင်း မရှိသေးချေ။ ယင်းကုန်တင်သင်္ဘောသည် သံတိုသံစ တန်ချိန် ၉၈၀ မျှကိုသယ်ဆောင်လာပြီး၊ ဂျပန်အရှေ့ဖက်ကမ်းခြေ ချီဘား ဆိပ်ကမ်းမှ ထွက်ခွာလာကာ တရုတ်နိုင်ငံနင်ဘို ဆိပ်ကမ်းဆီသို့ ဦးတည် ထွက်ခွာ လာခြင်းဖြစ်ကြောင်း သိရသည်။  

News from :  POPULAR NEWS
Post By : Aye Chan Mon
မြန်မာလူမျိုး သင်္ဘောသား နှစ်ဦးပါဝင်သည့် ကုန်တင် သင်္ဘောတစ်စီး
ယနေ့ နံနက်ပိုင်းက မီးသင့်လောင် ကျွမ်းခဲ့သည်။ ကမ္ဘောဒီးယားအလံ လွှင့်ထူထားသည့် အဆိုပါ ကုန်တင် သင်္ဘောဝယ် သင်္ဘောသား (၉)ဦး ပါဝ
င်သည့် အနက် (၇)ဦးမှာ တရုတ် လူမျိုး များဖြစ်ပြီး ကျန်(၂)ဦး မှာ မြန်မာလူမျိုးများဖြစ် ကြသည်။အဆိုပါ သင်္ဘောသည် ဂျပန်နိုင်ငံ အနောက်တောင်ဖက် ကီတာကျူးရှုး ကမ်းခြေ အနီးတွင် မီးလောင်ခဲ့ သဖြင့် မီးသတ်သင်္ဘောများဖြင့် မီးကိုငြိမ်း သတ်ခဲ့ရသဖြင့် မီးလောင်ပြီး မကြာမီတွင်ပင် မီးငြိမ်းသွားခဲ့ရာ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရ သည်။ပျက်စီးဆုံးရှုံးမှု ကိုမူ တရားဝင်ထုတ်ပြန် ကြေညာခြင်း မရှိသေးချေ။ ယင်းကုန်တင်သင်္ဘောသည် သံတိုသံစ တန်ချိန် ၉၈၀ မျှကိုသယ်ဆောင်လာပြီး၊ ဂျပန်အရှေ့ဖက်ကမ်းခြေ ချီဘား ဆိပ်ကမ်းမှ ထွက်ခွာလာကာ တရုတ်နိုင်ငံနင်ဘို ဆိပ်ကမ်းဆီသို့ ဦးတည် ထွက်ခွာ လာခြင်းဖြစ်ကြောင်း သိရသည်။

POPULAR NEWS

No comments:

Post a Comment