Wednesday, 10 October 2012

ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ

Photo: ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ

ရန်ကုန်၊ အောက်တိုဘာ- ၁၀

ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

"မုန်တိုင်းငယ် က
မ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနားရောက်မှ ဘာဖြစ်သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ မုန်တိုင်းဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ်တိုက်ကြီး အောက်ဖက်ဆင်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသောဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။

ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန

News from :7Day News Journal
Post By : Aye Chan Mon
ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့
တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

"မုန်တိုင်းငယ် က
မ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနားရောက်မှ ဘာဖြစ်သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ မုန်တိုင်းဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ်တိုက်ကြီး အောက်ဖက်ဆင်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသောဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။

7Day News Journal

No comments:

Post a Comment