Thursday, 4 October 2012

အလုပ်ရှာတဲ့စစ်သား ၄ ဦး ထိုင်းနယ်စပ်မှာ ဖမ်းမိ

 
 ဓာတ်ပုံ/သတင်း - မန်နေဂျာအွန်လိုင်း 

ဆင်းရဲဒဏ် မခံနိုင်လို့ နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်ဖို့ ရောက်နေတယ် ဆိုတဲ့ မြန်မာ့တပ်မတော်သား ၄ ယောက်ကို ထိုင်းအာဏာပိုင်တို့က ဗုဒ္ဓဟူးနေ့မှာ ထိန်းသိမ်းလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တပ် (Tak) ခရိုင်၊ မဲဆောက်မြို့တနေရာက ပြောင်းဖူး စိုက်ခင်းဝန်းကျင်မှာ ကင်းလှည့်နေတဲ့ ထိုင်းရဲတွေက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

သူတို့တွေဟာ အသက် ၂၁ နဲ့ ၂၄ နှစ်အတွင်း ရှိကြတဲ့ အောင်ထွန်း၊ ပြည့်အောင်၊ သီဟစိုး၊ စောမြင့်ထွန်း တို့ ဖြစ်ပြီး လက်နက်တွေတော့  ပါမလာကြဘူး လို့ ဆိုပါတယ်။

“မြန်မာ အစိုးရတပ်မှာ စစ်မှု မထမ်းဆောင်နိုင်တော့လို့ ထိုင်းနိုင်ငံဘက်မှာ အလုပ်လုပ်ဖို့ ထွက်ပြေးလာတာ အခုလို အဖမ်းခံရတာပါ” လို့ အဖမ်းခံရသူတွေက ပြောပါတယ် တဲ့။

ထိုင်းအာဏာပိုင်တို့က သူတို့  ၄ ယောက်ကို ပြန်ပို့နိုင်ဖို့  မြန်မာနိုင်ငံဘက်ကမ်းမှာ ရှိတဲ့ အစိုးရ တပ်ရင်း အမှတ် ၃၁၇ ကို ဆက်သွယ်မယ်လို့ သိရပါတယ်။
Irrawaddy Blog

No comments:

Post a Comment