News And Library
Fresh News And Some Knowledge For You
Monday, 15 October 2012
မာလီမြောက်ပိုင်းရှိ သူပုန်များကိုချေမှုန်းရန် နိုင်ငံတကာက စစ်ရေးနည်းလမ်း အသုံးပြုနိုင်ရေးစီစဉ်ရန် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အတည်ပြု
အစ္စလာမ်မစ် စစ်သွေးကြွများကို ပြည်ပတပ်များဖြင့် ၀င်ရောက်ဖယ်ရှားပေးရန် မာလီပြည်သူထောင်ပေါင်းများစွာက မြို့တော်ဘာမာကို
တွင်
တောင်းဆိုဆန္ဒပြနေစဉ်
မာလီနိုင်ငံမြောက်ပိုင်းရှိ အယ်လ်ကေးဒါးနှင့် ဆက်နွှယ်သောသူပုန်များ သိမ်းထားသောနယ်မြေကို ပြန်လည်သိမ်းယူရန်အတွက် နိုင်ငံတကာက စစ်ရေးဖြင့် ၀င်ရောက်စွက်ဖက်မည့် အရေးအတွက် အထူးအစီအစဉ်တစ်ခု ရေးဆွဲရန် ဒေသ
တွင်
း ခေါင်းဆောင်များအား အချိန် ၄၅ ရက်ပေးသည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက အောက်တိုဘာလ ၁၂ ရက်
တွင်
တစ်ညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်ကြောင့် မာလီသူပုန်များ၏ အသိမ်းခံထားရသော နယ်မြေကို ပြန်လည်ရရှိရန် နိုင်ငံတကာက စစ်ရေးနည်းလမ်း အသုံးပြုနိုင်ခြေအတွက် အဓိက ခြေလှမ်းတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။
အနောက်အာဖရိကရှိ နိုင်ငံရေး အတည်ငြိမ်ဆုံး နိုင်ငံများ
တွင်
ပါဝင်ခဲ့သော မာလီ၌ မတ်လက သမ္မတကို ဖြုတ်ချခဲ့သည့် စစ်ဘက်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် နိုင်ငံမှာ ၀ရုန်းသုန်း ကား အခြေအနေသို့ သက်ဆင်းခဲ့သည်။
အာဏာသိမ်းခေါင်းဆောင်က မေလ
တွင်
ရာထူးမှဆင်းပေးပြီး အရပ်ဘက် အသွင်ကူးပြောင်းရေး အစိုးရထံ အာဏာလွှဲပေးခဲ့သော်လည်း မသေချာမှုများစွာ ဖြစ်ပေါ်နေခဲ့သည်။
နိုင်ငံအခြေအနေ ၀ရုန်းသုန်းကား ဖြစ်နေမှုအပေါ် အခွင့်ကောင်းယူကာ မာလီမြောက်ပိုင်းရှိ လူမျိုးစု Tuareg သူပုန်များနှင့် အစ္စလာမ်မစ် စစ်သွေးကြွများက နိုင်ငံမြောက်ပိုင်းရှိ နယ်မြေများကို သိမ်းယူခဲ့သည်။ လအနည်းငယ်အကြာ
တွင်
အယ်လ်ကေးဒါးနှင့် ချိတ်ဆက်မှုရှိသော အဖွဲ့နှစ်ခုကTuareg အဖွဲ့ကို ဖယ်ရှားခဲ့ပြီး ယခုအခါ မာလီမြောက်ပိုင်းရှိ နယ်မြေသုံးပုံနှစ်ပုံ (ပြင်သစ်နိုင်ငံ အရွယ်အစားနှင့်တူညီ) ကို ထိန်းချုပ်ထားသည်။
ယင်းအစွန်းရောက် အစ္စလာမ်မစ်များက သူတို့ထိန်းချုပ်ထားသော နယ်မြေများ
တွင်
Sharia သို့မဟုတ် တင်းကျပ်သော အစ္စလာမ်မစ် ဥပဒေပြဋ္ဌာန်းရန် ကြိုးစားနေသည်။ ယင်းဒေသများ
တွင်
အမျိုးသမီးများစွာမှာ ဖိအားပေးလက်ထပ်ခံရပြီး မွေးလာသောကလေးများကို စစ်သွေးကြွများက ၀ယ်ယူကာ စစ်သားများအဖြစ် အသုံးပြုခဲ့ကြသည်။
ယင်းပြဿနာကို စစ်ရေးနည်းလမ်းသုံးပြီး ၀င်ရောက်ဖြေရှင်းပေးရန် အနောက်အာဖရိကရှိ နိုင်ငံများနှင့် မာလီအသွင်ကူးပြောင်းရေး အစိုးရက ကုလလုံခြုံရေးကောင်စီထံ အကူ အညီတောင်းခဲ့သည်။
မာလီအသွင်ကူးပြောင်းရေး အစိုးရ၊ သူပုန်အဖွဲ့များနှင့် လူမှုအဖွဲ့အစည်း ကိုယ်စားပြုအဖွဲ့ဝင်များ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နိုင်ငံရေးအဖြေတစ်ခု ရှာဖွေရန် လုံခြုံရေးကောင်စီက အောက်တိုဘာလ ၁၂ ရက်
တွင်
တိုက်တွန်းခဲ့သည်။
ထို့ပြင် အနောက်အာဖရိကနိုင်ငံများ၊ အာဖရိကသမဂ္ဂတို့နှင့် ပူးပေါင်းလုပ် ဆောင်နေသော ကုလအ
တွင်
းရေးမှူးချုပ် ဘန်ကီမွန်ကိုလည်း မာလီ
တွင်
နိုင်ငံတကာတပ်ဖွဲ့ဝင်များ ချထားရန် ပြင်ဆင်သင့်ကြောင်း ထောက်ခံချက်များကို ၄၅ ရက်အ
တွင်
း ကုလလုံခြုံရေးကောင်စီသို့ တင်ပြရန် တာဝန်ပေးထားကြောင်း သိရသည်။ ယင်းထောက်ခံချက်များ တင်ပြရာ
တွင်
လိုအပ်သောတပ်ဖွဲ့ဝင် အရေအတွက်နှင့် အများဆုံး ကုန်ကျနိုင်မည့်စာရင်းကိုလည်း ထည့်သွင်းပေးရန် ယင်းအစီရင်ခံစာ
တွင်
တိုက်တွန်းထားသည်။
မာလီမြောက်ပိုင်း
တွင်
လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာများ ထွက်ပေါ်လာစဉ် ကုလလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
Ref:CNN
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment