Thursday, 25 October 2012

ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုရရှိစေရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက် ထုတ်ပြန်




ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုရရှိစေရေး နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ ပိုမိုဝိရိယစိုက်ထုတ်ရန်လိုအပ်ကြောင်း အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်မှ အောက်တိုဘာလ ၂၅ ရက် နေ့ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင်  ရခိုင်ပြည်နယ်ဒေသအချို့တွင် အစောတလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု သို့မဟုတ် အန္တရာယ်ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရှိသဖြင့် တားဆီးနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရအမိန့်ထုတ်ပြန်ထားရှိကြောင်း၊
ယခုအခါ ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီတို့အကြား  ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင်ပဋိပက္ခထပ်မံဖြစ်ပွားလာသဖြင့် လူအသေအပျောက်များရှိခဲ့ပြီး ဒဏ်ရာရရှိသူအ များအပြားလည်းရှိကြောင်း၊ ၀မ်းနည်းဖွယ်ရာကြားသိရပါကြောင်း စသည်ဖြင့်ပါဝင်သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သောပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူများက ပိုမိုဝိရိယစိုက်ထုတ်ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ပိုမိုထိရောက်သောလုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန်အလေးအနက်တိုက်တွန်းပါကြောင်းဖြင့် ကြေညာချက်တွင်ဖော်ပြပါရှိသည်။
ယခုကြေညာချက်အား အောက်တိုဘာလ ၂၄ ရက်နေ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment