တရုတ်နိုင်ငံ
ပေကျုးမြို့တွင် ကွယ်လွန်သွားသော ကမ္ဘောဒီးယားဘုရင်ဟောင်း သီဟာနု၏
ရုပ်ကလပ်အား ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ဆောင်ယူလာရာ ထောင်ပေါင်းများစွာ
သော ပြည်သူများက လာရောက်ဦးညွတ်ခဲ့ကြသည်။
၂၀၀၄ ခုနှစ်အထိ
နှစ်ပေါင်း ၆၀ ကျော်ကြာ ထီးနန်းဆက်ခံလာသ့် ကမ္ဘောဒီးယားဘုရင် ဟောင်း
သီဟာနုသည် အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံ ပေးကျင်မြို့ တွင်
ကွယ်လွန်ခဲ့ရာ အသုဘအခမ်းအနားကျင်းပရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့
ပြန်လည်သယ်ဆောင်လာပြီး ဖနွမ်းပင်မြို့ရှိ တောင်ဝင်နန်းတော်တွင်
ထိန်းသိမ်းထားသည်။
၎င်းသည်
ပြင်သစ်လက်အောက်မှ နိုင်ငံလွတ်မြောက်ရေးတိုက်ပွဲ၊ ပြည်တွင်းစစ်၊
ခမာသောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နိုင်ငံ့အတွက်
မားမားမတ်မတ်ရပ်တည်ပေးခဲ့ရာ ပြည်သူများက ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။
ထို့ကြောင့် ပြည်သူများက ရုပ်ကလပ်အား နောက်ဆုံးအကြိမ် အဖြစ်
လာရောက်ဦးညွတ်၍ ဆုတောင်းမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။
အသုဘအခမ်းအနားမကျင်းပမီ ရုပ်ကလပ်အား သုံးလတာမျှ ခင်းကျင်းပြသသွားမည်ဖြစသည်။
No comments:
Post a Comment