Monday, 15 October 2012

ဦးသိန်းစိန် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ တာဝန် ဆက်ယူထားမည်

ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန်ဆက်ရှိနေမယ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောကြားလိုက်သည်။ ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က "ပါတီဥက္ကဋ္ဌရာထူးအပြောင်းအလဲလုပ်ဖို့ရှိပါသလား" ဟု မေးမြန်းရာ ဦးဌေးဦးက
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဦးသိန်းစိန်က နိုင်ငံရေး ပါတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်လို့မရဘူး။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌတာဝန်ပေးထားတယ်။ သူ့တာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။ ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန်ဆက်ရှိနေမှာပါ။ အပြောင်းအလဲမရှိပါဘူး" ဟု ဖြေဆိုသည်။ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို မကြာမီ ဖော်ပြပါမည်။အေးချမ်းမွန်မှ ဖတ်ရှုရသည့်သတင်းကို လေ့လာဖတ်ရှုနိုင်ရန်ပြန်လည်
မျှဝြေ ခင်းဖြစ်ပါသည်။

(ဧရာဝတီ)

No comments:

Post a Comment