Tuesday, 25 September 2012

ဒီချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ကြေညာချက်ကို ပုသိမ်မြို့နယ် ဒီချုပ် အသိအမှတ်မပြု

Photo: ဒီချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ကြေညာချက်ကို ပုသိမ်မြို့နယ် ဒီချုပ် အသိအမှတ်မပြု

BY HOT NEWS WEEKLY JOURNAL
24 SEPTEMBER, 2012 - 10:56

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် စာအမှတ် ကမရ/၃၇၁/၀၉/၂၀၁၂ နှင့် စာအမှတ် ကမရ/၃၇၂/၀၉/၂၀၁၂ ကြေညာချက်များကို အသိအမှတ် မပြုကြောင်း  ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် ၂၅.၈.၂၀၁၂ နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် အဖွဲ့ချုပ်၏ သဘောတူညီမှု မရှိဘဲ အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းမကွဲစေ၍ ဦးစီးဆောင်ရွက်ခဲ့သော ဦးညွှန့်လှိုင်၊ ဒေါက်တာသန်းထိုက်၊ ဦးသန်းဝင်းတို့၏ အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်မှုကို ဗဟိုညီလာခဲ့ ကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ပုသိမ်မြို့၊ စကားဝါလမ်း၊ အမှတ် ၅၇၂ ရှိ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရုံးခန်း မဟုတ်ပါကြောင်းတို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

"ဒီမြို့နယ်ရုံးကို ဦးတင်ဦးကိုယ်တိုင် လာပြီး ဖွင့်လှစ်ပေးခဲ့တာ။ ဘာကြောင့် သူတို့က ဖျက်သိမ်းချင်တာလဲဆိုတာ ကျွန်တော် အံ့သြမိတယ်" ဟု ပုသိမ်မြို့နယ် NLD မှဦးသန်းဝင်းက ပြောသည်။ "ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသွားပြီ။ ဒီလိုခါးဆစ်က လုပ်ဆောင်ချက်တွေဟာ အချို့လိုအပ်ချက်တွေ တွေ့နေရတယ်။ အောက်ခြေမှာ ပြိုကွဲတာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် အကုန်တူနေတယ်။ ဒီချို့ယွင်းချက်ကို အချိန်မီ မပြင်ရင် ပါတီတွင်း ပြိုကွဲမှုတွေ ထပ်ဖြစ်လာဦးမှာပဲ။ အဲဒီလိုဖြစ်မှာစိုးလို့ အကြိမ်ကြိမ် တောင်းဆိုတာပါ။ ကျွန်တော်တို့ကို ရှင်းပေးပါလို့။ ဘယ်သူမှ လာပြီး ရှင်းမပေးတဲ့အခါ အထက်က ဒီကိစ္စကို သိပါစေတော့ အချိန်မီ ကိုင်တွယ်နိုင်ပါစေတော့ဆိုပြီး ကျွန်တော်တို့ လုပ်ရတာဖြစ်ပါတယ်။ လုံးဝ ပြိုကွဲစေလိုတဲ့ ဆန္ဒမဟုတ်ပါဘူး" ဟု ယင်းကဆိုသည်။
 


ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များတွင် တာဝန်ခံလက်မှတ် ရေးထိုးထားခြင်း မရှိသည်နှင့် ပတ်သက်၍လည်း "တကယ်ဆိုရင် တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီအဖွဲ့အစည်းကြီး တစ်ခုပဲဗျာ။ ထုတ်ပြန်တယ်ဆိုရင် တာဝန်ခံတဲ့ သူရဲ့ နာမည်အဆင့်အတန်းနဲ့ လက်မှတ်ပါရမှာပေါ့။ ဒီလို လက်လွတ်စပယ်လုပ်တာ တော်တော် အံ့သြမိတယ်။ ပဏာမ စုံစမ်းရေးနဲ့ အဓိက စုံစမ်းရေးဆိုပြီး PE/DE လုပ်ပြီးမှ အဲဒီအပေါ် သုံးသပ်ချက်နဲ့တကွ စည်းကမ်းထိမ်းသိမ်းရေးက ဖြစ်စေ ဗဟိုကော်မတီက ဖြစ်စေ ထုတ်ပြန်ရမယ်။ ကော်မရှင်က အဲဒီလို လက်ခံခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်နားခြင်းကိစ္စတွေကို လုပ်ပိုင်ခွင့် မရှိဘူးလို့  ကျွန်တော်တို့ နားလည်တယ်" ဟု ဦးသန်းဝင်းက ပြောသည်။
 
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဆုံးအဖြတ်ပေးခဲ့ပြီး ကိစ္စကို ဗဟိုကော်မရှင်က ပြင်ဆင်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ လုပ်ပိုင်ခွင့်ကိုလည်း ဗဟိုကောက်မရှင်က ပြုလုပ်နေပါသဖြင့် ထုတ်ပြန်ချက်များအပေါ် အသိအမှတ်မပြုကြောင်းကို ဒီချုပ်ဥက္ကဋ္ဌထံ စာတင်လိုက်ပြီဖြစ်ကြောင်းကို ဦးညွှန့်လှိုင်၊ ဒေါက်တာ သန်းထိုက်၊ ဦးသန်းဝင်းတို့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းကို

News from :  HOT NEWS WEEKLY JOURNAL
Post by  အေးချမ်းမွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် စာအမှတ် ကမရ/၃၇၁/၀၉
/၂၀၁၂ နှင့် စာအမှတ် ကမရ/၃၇၂/၀၉/၂၀၁၂ ကြေညာချက်များကို အသိအမှတ် မပြုကြောင်း ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် ၂၅.၈.၂၀၁၂ နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် အဖွဲ့ချုပ်၏ သဘောတူညီမှု မရှိဘဲ အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းမကွဲစေ၍ ဦးစီးဆောင်ရွက်ခဲ့သော ဦးညွှန့်လှိုင်၊ ဒေါက်တာသန်းထိုက်၊ ဦးသန်းဝင်းတို့၏ အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်မှုကို ဗဟိုညီလာခဲ့ ကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ပုသိမ်မြို့၊ စကားဝါလမ်း၊ အမှတ် ၅၇၂ ရှိ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရုံးခန်း မဟုတ်ပါကြောင်းတို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

"ဒီမြို့နယ်ရုံးကို ဦးတင်ဦးကိုယ်တိုင် လာပြီး ဖွင့်လှစ်ပေးခဲ့တာ။ ဘာကြောင့် သူတို့က ဖျက်သိမ်းချင်တာလဲဆိုတာ ကျွန်တော် အံ့သြမိတယ်" ဟု ပုသိမ်မြို့နယ် NLD မှဦးသန်းဝင်းက ပြောသည်။ "ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသွားပြီ။ ဒီလိုခါးဆစ်က လုပ်ဆောင်ချက်တွေဟာ အချို့လိုအပ်ချက်တွေ တွေ့နေရတယ်။ အောက်ခြေမှာ ပြိုကွဲတာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် အကုန်တူနေတယ်။ ဒီချို့ယွင်းချက်ကို အချိန်မီ မပြင်ရင် ပါတီတွင်း ပြိုကွဲမှုတွေ ထပ်ဖြစ်လာဦးမှာပဲ။ အဲဒီလိုဖြစ်မှာစိုးလို့ အကြိမ်ကြိမ် တောင်းဆိုတာပါ။ ကျွန်တော်တို့ကို ရှင်းပေးပါလို့။ ဘယ်သူမှ လာပြီး ရှင်းမပေးတဲ့အခါ အထက်က ဒီကိစ္စကို သိပါစေတော့ အချိန်မီ ကိုင်တွယ်နိုင်ပါစေတော့ဆိုပြီး ကျွန်တော်တို့ လုပ်ရတာဖြစ်ပါတယ်။ လုံးဝ ပြိုကွဲစေလိုတဲ့ ဆန္ဒမဟုတ်ပါဘူး" ဟု ယင်းကဆိုသည်။



ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များတွင် တာဝန်ခံလက်မှတ် ရေးထိုးထားခြင်း မရှိသည်နှင့် ပတ်သက်၍လည်း "တကယ်ဆိုရင် တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီအဖွဲ့အစည်းကြီး တစ်ခုပဲဗျာ။ ထုတ်ပြန်တယ်ဆိုရင် တာဝန်ခံတဲ့ သူရဲ့ နာမည်အဆင့်အတန်းနဲ့ လက်မှတ်ပါရမှာပေါ့။ ဒီလို လက်လွတ်စပယ်လုပ်တာ တော်တော် အံ့သြမိတယ်။ ပဏာမ စုံစမ်းရေးနဲ့ အဓိက စုံစမ်းရေးဆိုပြီး PE/DE လုပ်ပြီးမှ အဲဒီအပေါ် သုံးသပ်ချက်နဲ့တကွ စည်းကမ်းထိမ်းသိမ်းရေးက ဖြစ်စေ ဗဟိုကော်မတီက ဖြစ်စေ ထုတ်ပြန်ရမယ်။ ကော်မရှင်က အဲဒီလို လက်ခံခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်နားခြင်းကိစ္စတွေကို လုပ်ပိုင်ခွင့် မရှိဘူးလို့ ကျွန်တော်တို့ နားလည်တယ်" ဟု ဦးသန်းဝင်းက ပြောသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဆုံးအဖြတ်ပေးခဲ့ပြီး ကိစ္စကို ဗဟိုကော်မရှင်က ပြင်ဆင်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ လုပ်ပိုင်ခွင့်ကိုလည်း ဗဟိုကောက်မရှင်က ပြုလုပ်နေပါသဖြင့် ထုတ်ပြန်ချက်များအပေါ် အသိအမှတ်မပြုကြောင်းကို ဒီချုပ်ဥက္ကဋ္ဌထံ စာတင်လိုက်ပြီဖြစ်ကြောင်းကို ဦးညွှန့်လှိုင်၊ ဒေါက်တာ သန်းထိုက်၊ ဦးသန်းဝင်းတို့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းကို
 HOT NEWS WEEKLY JOURNAL

No comments:

Post a Comment