Thursday, 13 September 2012

အီဂျစ်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

Photo: အီဂျစ်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ်ဆန္ဒပြသူများက အမေရိကန်သံရုံးအပြင်ဖက်တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 
ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းပန်ရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ 
လစ်ဗျားတွင်လည်း အဆိုပါ ရုပ်ရှင်ရိုက်ကူးမှုအပေါ် တုံ့ပြန်ဆန္ဒပြ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သံအမတ်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးခဲ့သည်။ ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ယီမင်ရဲတပ်ဖွဲ့က ပစ်ခတ်ဖြို့ခွင်းခဲ့ကြောင်း သိရသည်။

news from..Planet Myanmar Network
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ်
ဆန္ဒပြသူများက အမေရိကန်သံရုံးအပြင်ဖက်တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းပန်ရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
လစ်ဗျားတွင်လည်း အဆိုပါ ရုပ်ရှင်ရိုက်ကူးမှုအပေါ် တုံ့ပြန်ဆန္ဒပြ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သံအမတ်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးခဲ့သည်။ ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ယီမင်ရဲတပ်ဖွဲ့က ပစ်ခတ်ဖြို့ခွင်းခဲ့ကြောင်း သိရသည်။

news from..Planet Myanmar Network

No comments:

Post a Comment