ဖားကန့်မြို့ပေါ်ရှိ ဘော်ဒါဆောင်ဖွင့်ထားသူများ လုံခြုံရေးအခြေအနေအရ စက်တင်ဘာလ တတိယပတ်က မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့လာစဉ်
''လက်ရှိဖြစ်ချင်တာက လူတန်းစား မခွဲခြားစေချင်ဘူး။ လူမျိုးဘာသာ
မခွဲခြားစေချင်ဘူး။ ငြိမ်းချမ်းချင်တာပဲ ရှိတယ်။
နှစ်ဖက်ညှိနှိုင်းစေချင်တယ်''လို့ မြို့ဦးစေတီကျောင်းတွင်
ဒုက္ခသည်စခန်းဖွင့်လှစ်ထားသော ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က
ဒေသမငြိမ်းချမ်းမှုနှင့် ပတ်သက်သောဆန္ဒကို ပြောပြခဲ့သည်။''အလှူငွေနဲ့
ကုန်ကျစရိတ်က မမျှတပါဘူး။ လှူနိုင်တန်းနိုင်တဲ့သူတွေက ဖားကန့်ကို
စွန့်ခွာသွားကြပြီ။ တစ်ယောက်မှ မကျန်တော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေ့က
ဝင်လာကြတာဆိုရင် မြင်လို့တောင် မကောင်းဘူး။ ရေရှည်ရပ်တည်ဖို့
မပြောနိုင်ဘူး''လို့ ဆက်လက်ပြောကြားမှုကြောင့် ဖားကန့်ဒေသကို အမြန်ဆုံး
ငြိမ်းချမ်းပါစေလို့ ဆုတောင်းမိသည်။
No comments:
Post a Comment