Sunday, 16 September 2012

“ ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် ပစ်ခွင့်ရှိနေသည့် နေပြည်တော်မှ ချောင်းမကြီးဆည်အတွင်း ဒေသခံများဝင်ထွက်နေခြင်း အန္တရာယ်များဟုဆို”

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်အတွင်းရှိ ချောင်းမကြီးဆည်အား ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ဒေသခံများဝင်ထွက်နေမှုများရှိနေသဖြ
င့်ဥပဒေနှင့်ငြိစွန်းကာ အန္တရာယ်များကြောင်းအမည်နှင့် ဌာနဖေါ်ပြရန်ငြင်းဆိုခဲ့သည့် နေပြည်တော် အစိုးရဌာနတစ်ခုမှ အရာရှိတစ်ဦးဆိုသည်။
အဆိုပါဆည်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၀န်ထမ်းအိမ်ယာများ၊ အိမ်ယာများ၊ ဟိုတယ်များသို့ သောက်သုံးရေ ပေးဝေသော ကန်ကြီးတစ်ခုဖြစ်ပြီး ပုဒ်မ ၁၄၄ ကိုလည်း နှစ်လတစ်ကြိမ်သက်တမ်းတိုးကာ ထုတ်ပြန်လျက်ရှိသည်ဟု သိရသည်။
“ ပုဒ်မ ၁၄၄ ဆိုတာ ရန်ကုန်မှာဆိုရင် လှော်ကားလိုမျိုးထုတ်တဲ့အမိန်မျိုးပေါ့။ဥပဒေအရ အရေးယူခံရမယ်။ သောက်သုံးရေဆည်ဆိုတာမျိုးက လုံခြုံမှုရှိဖို့လိုတယ်။ ကန်ထဲကို မလိုလားအပ်တဲ့ ဆေးဝါးတွေ၊ ဓါတုပစ္စည်းတွေထည့်လိုက်မယ်ဆိုရင် သောက်သုံးသူတွေအန္တရာယ်ရှိတယ်။ ဒါမျိုးတွေမဖြစ်အောင်ရော၊ ရေဆင်းချိုးလို့ မတော်တဆဖြစ်တတ်တဲ့ ပြဿနာမျိုးတွေ မဖြစ်အောင်လို့ ဥပဒေနဲ့ကာကွယ်ထားတာမျိုး၊ အခုလူတွေဝင်ထွက်နေကြတာကိုသိရတယ်။ သက်ဆိုင်ရာကလည်း ဥပဒေအတိုင်းလုပ်ဖို့ရှိနေတယ်။ လိုက်နာသင့်ပါတယ် ။ မဟုတ်ရင် အန္တရာယ်များတယ်” ဟု ၄င်းက ဆိုသည်။
ဆည်လုံခြုံရေးအတွက် ရဲများ၊ အတားအဆီးများ ကို လိုအပ်သလိုစီမံချထားပြီး ထုတ်ပြန်ထားသည့် ပုဒ်မအရ အရေးယူမည်ဖြစ်ရာ အခွင့်မရှိဘဲ ၀င်ထွက်သွားလာခြင်း ပြုလုပ်နေကြခြင်းအတွက် သတိပြုသင့်ကြကြောင်း ၄င်းက ထပ်လောင်းပြောသည်။
Popular Myanmar News

No comments:

Post a Comment