Sunday, 30 September 2012

ဂျပန်ကာကွယ်ရေး တပ်မှ စစ်သည် ၂၅ ဦး မိမိကိုယ်ကိုအဆုံးစီရင်

Photo: ဂျပန်ကာကွယ်ရေး တပ်မှ စစ်သည် ၂၅ ဦး မိမိကိုယ်ကိုအဆုံးစီရင်

တိုကျို စက်တင်ဘာ ၂၉

အီရတ်နိုင်ငံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဂျပန်ကာကွယ်ရေးတပ်မှ စစ်သည်များအနက် မိမိကိုယ်ကို အဆုံးစီရင်မှု ကျူးလွန်ခဲ့သည့် စစ်သည် အရေအတွက်သည် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ၂၅ ဦး ရှိပြီဖြစ် ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

သေဆုံးသူစစ်သည် ၂၅ ဦး အနက်မှ ၁၉ ဦးသည် မြေပြင်ကာကွယ် ရေးတပ်မှ ဖြစ်ပြီး ကျန်ခြောက်ဦးမှာ လေကြောင်း ကာကွယ်ရေး တပ်မှဖြစ်ကြောင်း၊ ၎င်း စစ်သည်များ မိမိကိုယ်ကို အဆုံးစီရင်ရသည့် အဓိက အကြောင်းရင်းမှာ မိသားစု ရေးရာ ကိစ္စများနှင့် ကြွေးမြီ ပြဿနာများကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထပ်လောင်း ပြောကြား ခဲ့သည်။

News from : Royal Hero Media
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
တိုကျို စက်တင်ဘာ ၂၉

အီရတ်နိုင်ငံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဂျပန်ကာကွယ်ရေးတပ်မှ စစ်သည်များအနက် မိမိကိုယ်ကို အဆုံးစီရင်မှု ကျူးလွန်ခဲ့သည့် စစ်သည် အရေအတွက်သည် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုန
ှစ်အတွင်း ၂၅ ဦး ရှိပြီဖြစ် ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

သေဆုံးသူစစ်သည် ၂၅ ဦး အနက်မှ ၁၉ ဦးသည် မြေပြင်ကာကွယ် ရေးတပ်မှ ဖြစ်ပြီး ကျန်ခြောက်ဦးမှာ လေကြောင်း ကာကွယ်ရေး တပ်မှဖြစ်ကြောင်း၊ ၎င်း စစ်သည်များ မိမိကိုယ်ကို အဆုံးစီရင်ရသည့် အဓိက အကြောင်းရင်းမှာ မိသားစု ရေးရာ ကိစ္စများနှင့် ကြွေးမြီ ပြဿနာများကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထပ်လောင်း ပြောကြား ခဲ့သည်။

Royal Hero Media

No comments:

Post a Comment