Tuesday, 25 September 2012

ရန်ကုန်မြို့လယ်တွင် သောက်ရေ အခက်အခဲဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်မြို့တော်တွင်းသို့ အဓိက ရေပေးဝေလျက် ရှိသည့်လှော်ကား ရေပို့ ပိုက်လိုင်းချို့ယွင်း မှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များ တွင်ရေပေးဝေမှု ပြတ်တောက်သွားပြီး သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်ကလေး တွင် နေထိုင်သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

စက်တင်ဘာ ၂၂ ရက်နေ့ ညနေ (၄း၀၀) နာရီခန့်တွင်ေ
ရပြတ်တောက်မှု စတင်ဖြစ်ပွားခဲ့ပြီး သာက်သုံးရေ အခက်အခဲကြောင့် (၂၀)လီတာဝင် ရေသန့်ဗူးကြီးများ ကို သောက်ရေ အတွက် သာမက သုံးရေ အတွက်ပါ ဝယ်သုံး နေရကြောင်း၊ ရေသန့် တွန်းလှည်းများ ရပ်ကွက်အတွင်း ရောက်ရှိချိန် အလုအယက် ဝယ်ယူနေရကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။

ရေပိုက်လိုင်း ပေါက်ထွက်မှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် (၁၇)မြို့နယ် တွင် ရေပေးဝေ မှု ခေတ္တပြတ်တောက် မည် ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ခန့်တွင် ပြုပြင်မှု ပြီးစီးနိုင် ရန် ဆောက်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပိုက်လိုင်း ပေါက်ထွက်ရသည့် အကြောင်းမှာ ပိုက်လိုင်းများ၏ သက်တမ်း ကြာမြင့်မှု၊ ရေပို့ လွှတ်မှုမြှင့်တင်ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါဌာနက ရှင်းလင်း ပြောကြားသည်။

ရက်သတ္တပတ် နှစ်ပတ်အတွင်း လှော်ကားကန် ရေပို့ ပိုက်လိုင်း ပေါက်ထွက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပထမ အကြိမ်မှာ မင်္ဂလာဒုံ အနီးရှိ ပိုက်လိုင်း ပေါက်ထွက်မှု ဖြစ်ပြီး၊ ယခုအကြိမ်မှာ လှော်ကား ကန် ရေပို့ ပိုက်လိုင်းဝင်း အတွင်း ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ မေးမြန်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment