News And Library
Fresh News And Some Knowledge For You
Tuesday, 11 September 2012
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြန်မာဗီဒီယို ဇာတ်ကားရောင်းချရမှု ထက်ဝက်ခန့်ကျဆင်း
ဘ၀ကို လောင်းကြေးထပ်သူများ ဇာတ်ကားရိုက်ကူးမှု မြင်ကွင်း
မြန်မာဗီဒီယို ဇာတ်ကားရောင်းချရမှုတွင် ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ သိရသည်။
“ တချို့နယ်တွေဆိုရင် လုံးဝမရောင်းရတော့တာမျိုး တွေရှိသလို တချို့နယ်တွေဆိုရင် ရောင်းရတယ်လို့ပြောလို့ရတ အတိုင်းအတာတစ်ခုလောက်ပဲ ရှိနေတယ်။ တချို့နယ်တွေမှာ ဆိုရင် အ၀ယ်မရှိဆိုတာမျိုး မဖြစ်အောင် ဈေးလျော့ပြီးရောင်းနေရတဲ့ အနေအထားမျိုးမှာတောင်မှ အ၀ယ်က တက်မလာဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံလိုက်မယ်ဆိုရင်တော့ အရင်ကထက် အခုလက်ရှိမှာ ရောင်းအား က ၅၀ ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားခဲ့တာပါ။ ဒီရောင်းအားကျဆင်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့ သက်ဆိုင်ရာနယ်မြေတွေ အလိုက် အရောင်းကိုယ်စားလှယ်တွေနဲ့ ဗီဒီ ယိုအခြေခံအဖွဲ့တွေကိုတွေ့ဆုံညှိနှိုင်း မှုတွေလုပ်နေသလို ဗီဒီယိုဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းတွေပိုမို ကောင်းမွန်လာဖို့လည်း ကြိုးစားနေ ကြပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးကဆိုပါသည်။
လက်ရှိမြန်မာဗီဒီယို ဈေးကွက်တွင် နယ်မြေမငြိမ်သက်မှုများဖြစ်ပွား နေသည့် ကချင်ပြည်နယ်၊ ရခိုင်ပြည် နယ်တို့ရှိ နယ်မြေအများစုသည် အ၀ယ်ရပ်ဆိုင်းသွားခဲ့ပြီး သြဂုတ်လ အတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့်လည်း နယ်အချို့တွင် အ၀ယ်ရပ်ဆိုင်းမှုများရှိခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်များသည် လက်ရှိတွင် မြန်မာဗီဒီယိုဇာတ်ကား ၀ယ်ယူမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment