Thursday, 27 September 2012

'' စစ်တွေတွင် တပ်မတော်သားတစ်ဦးက ဘင်္ဂါလီအမျိုးသားတစ်ဦးအားဈေးသို့ခေါ်ဆောင်လာရာမှ ရိုက်နှက်မှုဖြစ်ပွား''

စစ်တွေမြို့
စစ်တွေ၊ စက်တင်ဘာ ၂၇
ခလရ ၅၄၀ မှ တပ်သားတစ်ဦးဆိုသူက ခေါ်ဆောင်လာသော ဘင်္ဂါလီအမျိုးသားတစ်ဦးကို စစ်တွမြို့မဈေးအပြင်ဖက်ရှိ ဒေသခံရခိုင်တိုင်းရင်းသားတို့က ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခုကို စက်တင်ဘာ ၂၆ ရက် နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
'' စဖြစ်တာတော့ ဈေးထဲအ၀င်မခံတာကစတာပဲ။ ဒါနဲ့ဈေးအပြင်ဖက်မှာ ၀ို

င်းရိုက်ကြတာ'' ဟု စစ်တွမြို့မဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
အဖြစ်အပျက်အား သက်ဆိုင်ရာမှ အချိန်မီ လာရောက်ထိမ်းသိမ်းခဲ့ကြောင်း မျက်မြင်သက်သေတို့ကပြောသည်။
အဆိုပါသတင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူတို့ထံ ဖုန်းဖြင့်အတည်ပြုမေးမြန်းရာ အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးမရှိကြောင်း ၄င်းတွင်ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
051

Popular Myanmar News Journal

No comments:

Post a Comment