Sunday, 30 September 2012

သီရိလင်္ကာနိုင်ငံအား ဒုံးကျည်ဖြင့် ချိန်ရွယ်ထားခြင်း မရှိကြောင်းအိန္ဒိယ ငြင်းဆို

Photo: သီရိလင်္ကာနိုင်ငံအား ဒုံးကျည်ဖြင့် ချိန်ရွယ်ထားခြင်း မရှိကြောင်းအိန္ဒိယ ငြင်းဆို

အိန္ဒိယနိုင်ငံရဲ့ ဒုံးကျည်တွေဟာ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့ နေရာတွေကို ပစ်မှတ်ထားခြင်း မရှိကြောင်း အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်က အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံရဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဒေသ တွေကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ချိန်ရွယ်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ သတင်းတွေဟာ မခိုင်လုံတဲ့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယနဲ့ သီရိ လင်္ကာနိုင်ငံအကြား ကာလရှည်ကြာစွာ ရင်းနှီးကျွမ်းဝင်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ အသီးသီးတွေမှာ လည်း အတူတကွ ပူးပေါင်းဆောင်ရွက်မှု တွေရှိနေကြောင်း အိန္ဒိယ အာဏာ ပိုင်တွေက ပြောကြားခဲ့ပြီး ယခုလို ကောလဟာလ သတင်း ထွက်ပေါ် လာတာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြား စေနိုင်တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

News from : Royal Hero Media
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
အိန္ဒိယနိုင်ငံရဲ့ ဒုံးကျည်တွေဟာ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့ နေရာတွေကို ပစ်မှတ်ထားခြင်း မရှိကြောင်း အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြော
ကားခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်က အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံရဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဒေသ တွေကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ချိန်ရွယ်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သတင်းတွေဟာ မခိုင်လုံတဲ့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယနဲ့ သီရိ လင်္ကာနိုင်ငံအကြား ကာလရှည်ကြာစွာ ရင်းနှီးကျွမ်းဝင်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ အသီးသီးတွေမှာ လည်း အတူတကွ ပူးပေါင်းဆောင်ရွက်မှု တွေရှိနေကြောင်း အိန္ဒိယ အာဏာ ပိုင်တွေက ပြောကြားခဲ့ပြီး ယခုလို ကောလဟာလ သတင်း ထွက်ပေါ် လာတာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြား စေနိုင်တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

  Royal Hero Media

 

No comments:

Post a Comment